ပြင်သစ်-ပေါ်တူဂီပွဲကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ပြင်သစ်အသင်းနဲ့ တွေ့ဆုံတဲ့ ၅ကြိမ်စလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတဲ့ ပုံရိပ်ဆိုး ကိုတော့ အခုချိန်ထိ ပယ်ဖျက်နိုင်ခြင်း မရှိသေးပါဘူး။

ယနေ့ မနက်ပိုင်းက ဂိုးမရှိ သရေကျခဲ့တဲ့ ပြင်သစ်နဲ့ပေါ်တူဂီအသင်းတို့ရဲ့ နေးရှင်းလိဂ် အုပ်စုပွဲစဥ်မှာ ပေါ်တူဂီ အသင်းခေါင်း‌ဆောင် ရော်နယ်ဒို ခြေစွမ်း သိသိသာသာ ပြသနိုင်ခဲ့ခြင်းမရှိတဲ့အပေါ် ပြင်သစ်နည်းပြ ဒက်စ်ချမ့်က ပျော်ရွှင်နေတယ်လို့ သိရပါတယ်။



ရော်နယ်ဒိုအနေနဲ့ ပြင်သစ်နဲ့တွေ့ရင် ခြေစွမ်း ကျဆင်းတတ်လေ့ရှိပြီး မှတ်တမ်းအရ ပြင်သစ်နဲ့ တွေ့ဆုံထားတဲ့ ၅ ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးတာပါ။

ယခု ကစားခဲ့တဲ့ပွဲမှာလည်း ပြင်သစ်အသင်းဖက်ကို ရော်နယ်ဒိုအနေနဲ့ မိနစ် ၉၀အတွင်း ဂိုးပေါက် ၃ကြိမ်သာ ကန်သွင်းခွင့်ရခဲ့ပြီး အခုလို တစ်ကိုယ်တော် စွမ်းရည် ကျဆင်းတဲ့အတွက် ပြင်သစ်အသင်းကို ပေါ်တူဂီအသင်း အသာစီး မယူနိုင်ခဲ့တဲ့အပေါ်မှာ ပြင်သစ်နည်းပြဒက်စ်ချမ့်က ပျော်ရွှင်နေတာပါ။

“ဒုတိယပိုင်းမှာ ကျွန်တော်တို့ကတောင် အပေါ်စီးက ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။လိုအပ်တဲ့ ဂိုးဖန်တီးမှုတွေနဲ့ ထိရောက်တဲ့ ဂိုးကန်သွင်းမှုတွေ နည်းပါးခဲ့လို့သာ အနိုင်မရခဲ့တာပါ။ဘာပဲ ဖြစ်ဖြစ် အခုပွဲကတော့ တကယ်ကို ပြီးပြည့်စုံပြီး နည်းဗျူဟာပိုင်းအရလည်း နှစ်သင်း မျှတယ်လို့ ဆိုရပါမယ်။ဒီနေ့ပွဲမှာ ပြိုင်ဖက်အသင်းရဲ့ ကစားသ မားတွေလည်း ကျွန်တော်တို့လိုပဲ အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့ကြပါတယ်။အဓိက ပြိုင်ဖက်ကစားသမား ရော်နယ် ဒိုကိုတော့ ခြေစွမ်းပြကစားတာ သိပ်မမြင်လိုက်ရပါဘူး။”လို့ ဒက်စ်ချမ့်ကပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း စပိန်အသင်းနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။

အခုလက်ရှိ ပြင်သစ်ကို ဂိုးမရှိ သရေကျတယ်ဆိုပေမယ့် ဂိုးကွာခြားချက်အရ အုပ်စုကို ဦးဆောင်ခွင့်ရထားပါတယ်။

Share

Loading Next Article...
က္က