ဘယ်လ်ဂျီယံကို ၂-၁နဲ့ နိုင်တဲ့ပွဲမှာ ပင်နယ်တီကတဆင့် တစ်ဂိုးသွင်းပေးခဲ့ပါတယ်။

မားကပ်စ်ကတော့ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၃၉ပွဲကစားပေးထားရာမှာ ၁၁ဂိုးအထိ သွင်းယူပေးထားနိုင် ပြီလည်း ဖြစ်ပါတယ်။

အင်္ဂလန်က ဘယ်လ်ဂျီယံကို ၂-၁ဂိုးနဲ့ အနိုင်ရလိုက်တဲ့ နေးရှင်းလိဂ် အုပ်စုပွဲစဥ်မှာ ပင်နယ်တီကတဆင့် တစ်ဂိုး သွင်းပေးနိုင်ခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပါဝင်ကစားပေးထားတဲ့ နောက်ဆုံး ၄ပွဲဆက်တိုက် ဂိုးသွင်းယူပေးထားနိုင်ပြီ ဖြစ်ပါတယ်။



ဒီလို သွင်းယူနိုင်တာဟာ အင်္ဂလန်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဘောလ်ဘီချာလ်တန်၊အသင်းခေါင်းဆောင် ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ တစ်သက်တာ ဂိုးသွင်းအများဆုံး ဝိန်းရွန်နီတို့ရဲ့ မှတ်တမ်းကောင်းတစ်ခုကို လိုက်မီခဲ့ တယ်လို့ Goal.comကဖော်ပြလာပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ အင်္ဂလန်အတွက် ၄ပွဲဆက် ၄ဂိုးသွင်းယူဖို့ ၁၂လနီးပါး ကြာမြင့်ခဲ့ပြီး ၂၀၁၉ အောက်တိုဘာ ၁၄မှာ ဘူလ်ဂေးရီးယားကို ၆ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ တစ်ဂိုး၊မွန်တီနီဂရိုးကို ၇ဂိုးပြတ်နိုင်တဲ့ပွဲမှာ တစ်ဂိုး၊ကိုဆိုဗိုကို ၄ဂိုးပြတ်နိုင်တဲ့ပွဲမှာတစ်ဂိုးနဲ့ ဘယ်လ်ဂျီယံကို ၂-၁နဲ့နိုင်တဲ့ပွဲမှာ တစ်ဂိုး ဆက်တိုက်သွင်းယူခဲ့တာပါ။

လက်ရှိမှာတော့ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၃၉ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၁ဂိုး အထိသွင်းယူပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဘယ်လ်ဂျီယံကို အိမ်ကွင်းမှာ အနိုင်ယူလိုက်တာကြောင့်လည်း နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ အိမ်ကွင်း ၂၁ပွဲမှာ ပွဲ၂၀အထိ နိုင်ပွဲရယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

နေးရှင်းလိဂ် ပြိုင်ပွဲမှာလည်း အုပ်စုတွင်း ဦးဆောင်နေပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ဒိန်းမတ်အသင်းနဲ့ အိမ်ကွင်း မှာပဲ ဆက်လက်ကစားရပါမယ်။

Share

Loading Next Article...
က္က