ဆွာရက်ဇ်ကတော့ အက်သလက်ကို ပြောင်းသွားခဲ့ပါပြီ။
Kyaw Ko Ko Sint

ကိုးလ်မန်း ဘာစီလိုနာကို ရောက်လာချိန် ဆွာရက်ဇ်က အက်သလက်ကို ပြောင်းခဲ့တာ ဖြစ်ပြီး မပြောင်းပဲ ဘာစီ လိုနာမှာသာ ဆက်နေပြီး ကျွန်တော်မှားကြောင်း သက်သေပြဖို့ အခွင့်အရေး ပေးခဲ့သေးတယ်လို့ ကိုးလ်မန်းက ဆို လာတာပါ။

အက်သလက်တီကိုအသင်းကို ပြောင်းသွားတဲ့ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်အနေနဲ့ ဘာစီလိုနာအသင်းမှာသာ ဆက်နေပြီး သူ့ကို ရောင်းထုတ်ဖို့ စဥ်းစားတာ မှားယွင်းကြောင်း သက်သေပြသင့်တယ်လို့ နည်းပြ ကိုးလ်မန်းက ပြောလာပါတယ်။

ဘာစီလိုနာအသင်းကို နည်းပြသစ် ကိုးလ်မန်း ရောက်လာချိန်မှာတော့ ဆွာရက်ဇ်ဟာ အသင်းပြောင်းရဖို့ ဖြစ်လာခဲ့ ပြီး မူလက ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ လုပ်ခဲ့ပြီးမှာ အကြောင်းကြောင်းကြောင့် အဆင်မပြေဖြစ်ကာ အက်သ လက်တီကိုအသင်းကိုသာာ ရောက်ရှိသွားခဲ့ရပါတယ်။

နည်းပြသစ်ကိုးလ်မန်းကတော့ ဆွာရက်ဇ်အနေနဲ့ အသင်းကနေ မထွက်ခွာလိုပါက ထိန်းသိမ်းထားဖို့ ရည်ရွယ်ထား ခဲ့ကြောင်း ဖွင့်ဟပြောလာပါသေးတယ်။

“ဆွာရက်ဇ်က ထွက်ခွာဖို့ကိုပဲ ရွေးချယ်ခဲ့တယ်၊ဘယ်လိုအကြောင်းပြချက်ပဲ ဖြစ်ဖြစ် မသွားဖို့ ဆုံးဖြတ်မယ်ဆိုရင် တော့ အသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိနေမှာပါလို့ ကျွန်တော်သူ့ကို ပြောခဲ့ပါတယ်။နောက်ပြီး ငါမှားတယ်ဆို တာကို မင်းသက်သေပြပါလို့လည်း ဆိုခဲ့ပါတယ်။ဒါပေမယ့်သူဟာ ခက်ခဲတဲ့ လမ်းစဥ်ကို ရွေးချယ်ခဲ့တယ်။”လို့ ကိုးလ်မန်းက ပြောလာပါတယ်။

ကိုးလ်မန်းအနေနဲ့ ဆွာရက်ဇ်အသင်းက ထွက်ခွာသွားတဲ့အတွက် အသင်းခေါင်းဆောင် မက်ဆီရဲ့ ငြိုငြင်မှုကိုလည်း ခံခဲ့ရသလို ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။

ဆွာရက်ဇ်ကတော့ ဘာစီလိုနာမှာ ၆နှစ်ကြာ ကျင်လည်ခဲ့ပြီး ချန်ပီယံလိဂ်တစ်ကြိမ်၊လာလီဂါဆုဖလား ၄ကြိမ်၊အပါ အဝင်အခြားသော ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က