၂၀၂၂မှာ ရော်နယ်ဒိုရဲ့ အသက်က ၃၇နှစ်မှာ ရှိနေတော့မှာပါ။
Kyaw Ko Ko Sint

ပရိသတ်တွေကတော့ အသက် ၄၀အထိ ပေါ်တူဂီ ဂျာစီကို ဝတ်ဆင်ကစားနေစေချင်ပေမယ့်လည်း ရော်နယ်ဒို ကိုယ်တိုင်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံး ပြိုင်ပွဲပါပဲလို့ အတည်ပြုပေးလိုက်တာပါ။

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက သူ့အတွက် နောက်ဆုံး ပြိုင်ပွဲ ဖြစ်လာမယ်လို့ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ပြောလာပါတယ်။

ပြင်သစ်အသင်းနဲ့ ကစားမယ့် နေးရှင်းလိဂ်ပြိုင်ပွဲမတိုင်မီ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာ ဖြစ်သလို သူ့ရဲ့ တွစ်တာအကောင့်မှာလည်း ဖော်ပြထားပါတယ်။

ရော်နယ်ဒိုက ကစားသမားဘဝမှာ ဘလွန်းဒီအော ၅ကြိမ်ရရှိထားသလို ယူနိုက်တက်၊ရီးရဲ၊ဂျူဗင်တပ်အသင်းတို့နဲ့ အတူလည်း ဆုဖလားပေါင်းများစွာပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် နိုင်ငံအသင်းနဲ့လည်း ၂၀၁၆ ဥရောပဖလားနဲ့ ၂၀၁၉ နေးရှင်းလိဂ် ဆုဖလားတွေကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ ဖလားကိုတော့ မပိုင်ဆိုင်ဖူးသေးပါဘူး။

ဒါပေမယ့် ရော်နယ်ဒိုဟာ ပထမဆုံး ပါဝင်ကစားခဲ့တဲ့ ၂၀၀၆ကမ္ဘာ့ဖလားမှာတော့ ပေါ်တူဂီအသင်းနှင့်အတူ ပထမဆုံး အကြိမ် ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ထားဖူးပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါက ရော်နယ်ဒိုရဲ့ အသက်ဟာ ၃၇ထဲကို ရောက်နေပြီလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ရော်နယ်ဒိုကို အသက် ၄၀အထိ ဘောလုံးကစားစေချင်နေကြပေမယ့်လည်း ရော်နယ်ဒို ကိုယ်တိုင်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားဟာ နောက်ဆုံးလို့ သတ်မှတ်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မက်ဆီပါဝင်တဲ့ ဘာစီလိုနာ အသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဒါဟာ သူတို့ရဲ့ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် အုပ်စု တွင်း တွေ့ဆုံမှု ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းနှင့်အတူ ၂၀၂၀ နေးရှင်းလိဂ် ပြိုင်ပွဲကိုလည်း ဝင်ရောက် ကစားနေပြီး ၃ပွဲကစား၂ပွဲနိုင် ၁ပွဲသရေ ၇မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က