ပွဲကစားဖို့ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မရှိဘူးလို့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ဆိုပါတယ်။
Kyaw Ko Ko Sint

မိခင်ကလပ် မန်စီးတီးအသင်းကို ပြန်သွားမှာ ဖြစ်ပြီး မန်စီးတီးအသင်းကလည်း ဒဏ်ရာရ ကစားသမား များနေချိန် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့အခက်တွေ့ရနေရပါပြီ။

အိုက်စလန်နဲ့ ဗုဒ္ဓဟူးနေ့မှာကစားမယ့် နေးရှင်းလိဂ် ပွဲစဥ်မတိုင်မီ ဒဏ်ရာရနေတဲ့အတွက် ဘယ်လ်ဂျီယံ အသင်း လူစာရင်းကနေ ဒီဘရိုင်း နုတ်ထွက်လာရတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၂၉နှစ်အရွယ် ကွင်းလယ် ကစားသမားကတော့ ပြီးခဲ့တဲ့ အင်္ဂလန် ကို ၂-၁နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာလည်း ၇၃ မိနစ်မှာ လူစားလဲခြင်း ခံခဲ့ရသူပါ။

ဒီဘရိုင်းအနေနဲ့ ဘယ်လ်ဂျီယံ လူစာရင်းက နုတ်ထွက်လာရပြီ ဖြစ်တာကြောင့် မိခင်ကလပ် မန်စီးတီးအသင်းထံ ပြန်သွားမယ်လို့ ဘယ်လ်ဂျီယံအသင်းကထုတ်ပြန်ပေးပါတယ်။

မန်စီးတီးအတွက်တော့ လာမယ့် အောက်တိုဘာ ၁၇ရက်နေ့မှာ ပွဲကြပ်တစ်ပွဲအဖြစ် အာဆင်နယ်အသင်းကို ရင် ဆိုင်ရဖို့ ရှိနေတာကြောင့် ဒီဘရိုင်း အမြန်ဆုံး ကြံ့ခိုင်မှု ပြည့်လာဖို့ လိုအပ်နေပါတယ်။

အလားတူ မန်စီးတီးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး စတားလင်းမှာလည်း ဒဏ်ရာကြောင့် အင်္ဂလန် လူစာရင်းမှာ မပါဝင်ထားနိုင်ခဲ့ပဲ ရှိနေခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဥ် ၃ပွဲကစားပြီချိန် ရမှတ် ၄မှတ်သာရရှိထားလို့ အဆင့် ၁၄နေရာမှာ ရပ်တည်နေရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က