ဘရာဇီးလ်မှာ အသင်းဖော်တွေအဖြစ် ကစားနေသူတွေပါ။
Pyae Phyo Thein

နေမာလက်သစ်ကစားသမားလို့ ယူဆခံနေရမှုတွေအပေါ်မှာ ရိုဒရိုင်ဂိုက တုံ့ပြန်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ရိုဒရိုင်ဂိုဆိုတဲ့ ကစားသမားသာဖြစ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။


ဘရာဇီးလ်အသင်းရဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ရိုဒရိုင်ဂိုက သူ့အနေနဲ့ ကိုယ်ပိုင်အလင်းရောင်သာ အလိုရှိတယ်လို့ ပြောဆိုလိုက်ပြီး အခြားသော စီနီယာကစားသမားတွေနဲ့ သူ့ကိုနှိုှု်င်းယှဉ်ခြင်းမပြုလုပ်ဖို့ ပြောဆိုသွားခဲ့ပါတယ်။ နေမာလက်သစ်ကစားသမားလို့ ယူဆခံနေရမှုတွေအပေါ်မှာ ရိုဒရိုင်ဂိုက တုံ့ပြန်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ရိုဒရိုင်ဂိုဆိုတဲ့ ကစားသမားသာဖြစ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။

ရိုဒရိုင်ဂိုဟာ ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားချင်စရာအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရာဇီးလ်ကြယ်ပွင့်ဟာ အသက် ၁၉ နှစ်အရွယ်သာရှိနေသေးပြီး သူ့ကို ဝယ်ယူခဲ့စဉ်က ပေါင်သန်း ၄ဝအထိ ရီးရဲလ်က အသုံးပြုခဲ့ရပါတယ်။ 

ဘရာဇီးလ်လက်ရွေးစင်အသင်းမှာလည်းရွေးချယ်ခံထားရတဲ့ ရိုဒရိုင်ဂိုက ပီရူးနဲ့ကစားရမယ့်ပွဲမတိုင်ခင်မှာ "ကျွန်တော့်ကစားသမားဘဝကို ဆန်းတို့စ်မှာစတင်ခဲ့တုန်းက သူတို့က ကျွန်တော့်ကို နေမာလက်သစ်၊ ရော်ဘင်ဟိုတို့နဲ့ ခိုင်းနှိုင်းခဲ့ကြပါတယ်၊ ဒါက ကျွန်တော့်အပေါ် ဝန်ထုပ်ဝန်ပိုးကြီးလိုရှိနေခဲ့ပါတယ်၊ ကျွန်တော်က ရိုဒရိုင်ဂိုပဲဖြစ်ချင်တယ်လို့ အမြဲတမ်းပြောခဲ့ပါတယ်"

"ကျွန်တော့်သမိုင်းကို ကျွန်တော်ရေးမယ်၊ ရော်ဘင်ဟိုနဲ့ နေမာက ကြီးကျယ်ခမ်းနားပြီး ဆန်းတို့စ်ရဲ့ စံပြကစားသမားတွေပါ၊ သူတို့ကစားခဲ့တဲ့အသင်းတိုင်းမှာလည်း လေးစားခံရသူတွေပါ၊ ကျွန်တော်ကတော့ အခုလိုခိုင်းနှိုင်းခံရတာတွေက ဝန်ထုပ်ဝန်ပိုးတွေလို့ပဲ ခံစားမိပါတယ်၊ ဒါပေမယ့် ကျွန်တော်က ရိုဒရိုင်ဂိုပဲ ဖြစ်ချင်တာအမှန်ပါ" လို့ ပြောဆိုခဲ့ကြောင်း Goal.com ကဖော်ပြခဲ့ပါတယ်။

ရိုဒရို်င်ဂိုဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးအတွက် ၃ပွဲပါဝင်ကစားပေးထားပြီး သောကြာနေ့က ကစားခဲ့တဲ့ ဘိုလီဗီယားနဲ့ပွဲမှာလည်း အရန်ကစာသးမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ 


Author


က္က