တောင်အမေရိကဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ဟက်ထရစ်ရရှိခဲ့တဲ့ နေမာဟာ ရော်နယ်ဒိုရဲ့ ၆၂ ဂိုးသွင်းယူထားတဲ့စံချိန်ကို ၂ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။


ပီရူးကို အဝေးကွင်းမှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ တောင်အမေရိကဇုန်ခြေစစ်ပွဲအပြီးမှာတော့ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ နာမည်ကျော်တိုက်စစ်မှူးဟောင်းရော်နယ်ဒိုရဲ့ ဂိုးသွင်းမှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဟက်ထရစ်ရရှိခဲ့တဲ့ နေမာဟာ ရော်နယ်ဒိုရဲ့ ၆၂ ဂိုးသွင်းယူထားတဲ့စံချိန်ကို ၂ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အနေနဲ့ ပီရူးကို ခက်ခက်ခဲခဲ ကစားခဲ့ရတာဖြစ်ပြီး ပယ်နယ်တီသွင်းဂိုး ၂ ဂိုးအထိရရှိခဲ့သလို ၂-၃ ဖြစ်ခဲ့ပြီးနောက် ပီရူးဘက်က ကစားသမား ၂ဦးအထိထုတ်ပယ်ခံခဲ့ရပါသေးတယ်။ ဘရာဇီးလ်ကို အိမ်ကွင်းမှာ ပီရူးက နှစ်ကြိမ်တိုင်တိုင်ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် နေမာက ပယ်နယ်တီကတဆင့် ချေပခဲ့သလို ဒုတိယတစ်ကြိမ်မှာလည်း ရစ်ချာလီဆန်က ချေပခဲ့ပါတယ်။

၈၃ မိနစ်မှာ ဘရာဇီးလ်တို့ ပယ်နယ်တီထပ်ရခဲ့ပြီး နေမာက သွင်းယူပေးခဲ့ကာ ပြန်လည်ဦးဆောင်ခဲ့ပြီး ၈၆ နဲ့ ၈၉ မှာ ပီရူးဘက်က ကစားသမားနှစ်ဦးထုတ်ပယ်ခံခဲ့ရပါတယ်။ မိနစ် ၉၀ မှာတော့ နေမာက နောက်ထပ်အနိုင်ဂိုးသွင်းယူကာ သူ့အတွက် ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးကို ရယူနိုင်ခဲ့ပြိး ဘရာဇီးလ်တို့ ခြေစစ်ပွဲမှာ နှစ်ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဘရာဇီးလ်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂန္ထဝင်ကစားသမားကြီး ပီလီက ၇၇ ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ နေမာရဲ့ သွင်းဂိုးစုစုပေါင်းက ၆၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်လို့ ပီလီနဲ့ ၁၃ ဂိုးသာ ကွာဟတော့တာဖြစ်ပါတယ်။ သူ့ရဲ့အသက်အရွယ်နဲ့ခြေစွမ်းကြောင့် နေမာဟာ အဆိုပါစံချိန်ကိုလည်း လိုက်မီနိုင်မယ့် အခွင့်အရေးရှိနေဆဲဖြစ်ပြီး ကျော်ဖြတ်နိုင်တဲ့အထိပါ စွမ်းဆောင်ပြမလား စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ 


Author


က္က