ပေါ်တူဂီတိုက်စစ်မှူးကြီးကို ပြုံးပြုံးပျော်ပျော်ပဲ မြင်တွေရမှာပါ။
Pyae Phyo Thein

လစ္စွဘွန်းမြို့စွန်က အသင်းအခြေစိုက်ရာနေရာမှာတော့့ ပေါ်တူဂီအသင်းသားတွေကို အားကျိုးမာန်တက်နဲ့ လေ့ကျင့်နေတာ မြင်တွေ့ရမှာပါ။


ပေါ်တူဂီအသင်းခေါင်းဆောင်တိုက်စစ်မှူးရော်နယ်ဒိုဟာ ကိုရိုနာဗိုုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် တစ်ဦးတည်းသီးသန့်နေထိုင်နေကာ ကုသမှုတွေပြုလုပ်နေရပါတယ်။ ပေါ်တူဂီအသင်းဖော်တွေကတော့ ဆွီဒင်နဲ့ကစားရမယ့် နေးရှင်းလိဂ်ပွဲအတွက် ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်နေကြပြီး ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အသင်းဖော်တွေရဲ့ လေ့ကျင့်မှုကို ကြည့်ရှုအားပေးသွားခဲ့ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ တွစ်တာစာမျက်နှာကတဆင့် ဖော်ပြခဲ့တာဖြစ်ပြီး လစ္စွဘွန်းမြို့စွန်က အသင်းအခြေစိုက်ရာနေရာမှာတော့့ ပေါ်တူဂီအသင်းသားတွေကို အားကျိုးမာန်တက်နဲ့ လေ့ကျင့်နေတာ မြင်တွေ့ရမှာပါ။ ရော်နယ်ဒိုဟာ သူနေထိုင်နေရာအခန်းရဲ့ ဝရန်တာကနေ အသင်းဖော်တွေကို အားပေးနေခဲ့တာဖြစ်ပြီး ကင်မရာတွေဘက်ကိုလှည့်ကာ လက်မထောင်ပြခဲ့ပါသေးတယ်။


ပြုံးရယ်နေတဲ့ မျက်နှာနဲ့ မြင်တွေ့ခဲ့ရပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ ကျန်းမာရေးအခြေအနေက ပုံမှန်အတိုင်းကောင်းမွန်နေတယ်လို့ ယုံကြည်ရပါတယ်။ အသက် ၃၅ နှစ်အရွယ်ကစားသမားဟာ ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ပေါ်တူဂီအသင်းက သတင်းထုတ်ပြန်ထားခဲ့ပြီး အခြားသော ကစားသမားတွေကို စစ်ဆေးမှုမှာလည်း တစ်ဦးတစ်ယောက်မှာမှ ဗိုင်းရပ်စ်ပိုးမတွေ့ရှိခဲ့ရဘူးလို့ ဆိုခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ပေါ်တူဂီအသင်းသားတွေအနေနဲ့တော့ ဆက်လက်စောင့်ကြည့်ခံရဖို့ရှိနေပါသေးတယ်။ ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့အတူ တော်တော်လေးနီးနီးကပ်ကပ်ရှိနေခဲ့သူဖြစ်ပြီး ညစာစားပွဲ၊ လေ့ကျင့်ရေးကွင်း၊ ပြင်သစ်နဲ့ပွဲစဉ်၊ အသင်းနေထိုင်ရာနေရာတွေမှာ သူနဲ့ ထိတွေ့ဆက်ဆံခဲ့သူ အများအပြားရှိနေခဲ့ကာ ပြင်သစ်ကြယ်ပွင့်ကစားသမားတွေနဲ့လည်း ပွေ့ဖက်နှုတ်ဆက်မှုတွေ ရှိနေခဲ့ပါတယ်။ 


Author


က္က