နိုဝင်ဘာ ၁၂ရက်နေ့မှာ ကစားဖို့ စီစဥ်ထားတာပါ။

နယူးဇီလန်အသင်းဟာ ၂၀၁၉ နိုဝင်ဘာလတုန်းက နိုင်ငံတကာပွဲနောက်ဆုံးကစားထားတာ ဖြစ်လို့ ပွဲမကစားတာ တစ်နှစ်နီးပါးမျှ ကြာမြင့်နေပါပြီ။

နယူးဇီလန်အသင်းဟာ လာမယ့် နိုဝင်ဘာလအတွင်း အင်္ဂလန်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဥ်ထားပြီး အဝေးကွင်း သွားကစားရမယ့်အပေါ်မှာတော့ ကိုဗစ်ကို အကြောင်းပြုပြီး ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။



အဓိက အကြောင်းရင်းကတော့ ခရိးသွားလာမှုနဲ့ ကိုဗစ်ကာလအတွင်း နိုင်ငံရဲ့ အခြားရှုပ်ထွေးမှုတွေကြောင့်လို့ သိရပါတယ်။

“အသင်းအတော်များများဟာ အဝေးကွင်းသွားကစားပြီးရင် ကွာရန်တင်းဝင်ရတာ(သို့)အခက်အခဲတွေနဲ့ ကြုံရ တာတွေ မြင်နေရပါတယ်။ဒီလိုဖြစ်လာရင် ကျွန်တော်တို့ရဲ့ ပြည်တွင်းလိဂ်ကိုပါ အနှောက်အယှက် ဖြစ်လာနိုင် ပါတယ်။ဒါကြောင့် အင်္ဂလန်နဲ့ အဝေးကွင်း သွားကစားရမယ့် ခြေစမ်းပွဲကို မကစားတော့ဖို့ ဆုံးဖြတ်လိုက်တာ ပါ။”လို့ နယူးဇီလန် ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

နယူးဇီလန်အသင်းဟာ မတ်လအတွင်းတုန်းက ကစားဖို့ လုပ်ထားတဲ့ အိုမန်၊ဘာရိန်းအသင်းတို့နဲ့ ခြေစမ်းပွဲတွေ ကိုလည်း ကိုဗစ် အကြောင်းပြုပြီး ဖျက်ခဲ့ပါတယ်။

ဒါ့အပြင် နယူးဇီလန်အသင်း နောက်ဆုံးကစားထားတဲ့ နိုင်ငံတကာပွဲကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက လစ်သူယေးနီးယားနဲ့ပွဲဖြစ်တာကြောင့် တစ်နှစ်နီးပါးမျှ ပွဲကစားထားခြင်း မရှိတာလည်း တွေ့ရပါတယ်။

နယူးဇီလန်နဲ့ အင်္ဂလန်အသင်းဟာ ၁၉၉၁ခုနှစ်က နောက်ဆုံးတွေ့ဆုံထားပြီး အဲ့ဒီနောက်ပိုင်း တစ်ကြိမ်မျှ တွေ့ ဆုံထားခြင်း မရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က