တရားရင်ဆိုင်ဖို့ရှိလို့ ထုတ်ပယ်ခံခဲ့ရတာလို့သိရပါတယ်။
Kyaw Ko Ko Sint

လောင်းကစားပြစ်မှုနဲ့ အက်ဖ်အေက စွဲချက်တင်ထားတာ ဖြစ်ပြီး အလားတူ အမှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူးနှင့်အင်္ဂလန်တိုက်စစ်မှူးဟောင်း စတားရစ်ချစ်ကိုတော့ ယခုနှစ် အစောပိုင်းတုန်းက ၄လပွဲ ကစားခွင့် ပိတ်ခဲ့တယ်လို့ သိရပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြလာချက်အရ အင်္ဂလန်နှင့်အက်သလက်တီကိုမက်ဒရစ် နောက်ခံလူ ထရစ်ပီ ယာဟာ လောင်းကစားဆိုင်ရာ ဥပဒေ ချိုးဖောက်မှုနဲ့ တရားရင်ဆိုင်ဖို့ ရှိနေတာကြောင့် အင်္ဂလန်အသင်း လူစာ ရင်းမှ ထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ဝေးလ်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ကစားသမားဘဝတစ်လျှောက် ပထမဆုံး အကြိမ် အသင်းခေါင်းဆောင်အဖြစ် အင်္ဂလန် အသင်းကို ဦးဆောင်ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ လက်မခံနိုင်စရာ လောင်းကစားပြစ်မှုတွေနဲ့ စွပ်စွဲ ခံ ထားရပြီး အက်ဖ်အေရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံရမှာပါ။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ဘောလုံးကစားခြင်းမှ ၆လ ပိတ်ပင် ခံရဖို့ရှိနေပြီး လက်ရှိမှာတော့ နည်းပြဆောက်ဂိတ်က ဒိန်းမတ်နဲ့ ကစားမယ့် အင်္ဂလန် လူစာရင်းမှ ထုတ်ပယ် လိုက်ပါပြီ။

အက်ဖ်အေရဲ့ စွပ်စွဲချက်များအရ ထရစ်ပီယာဟာာ သူ့ရဲ့ သူငယ်ချင်းအချို့ကို WhatsAPP ကတဆင့် လောင်းက စားဆိုင်ရာ စကားတွေ ပြောဆိုထားခဲ့ပြီး ဒါကို အက်ဖ်အေက မလုပ်ဖို့ တားမြစ်ထားပြီး ရာဇဝတ်မှုမြောက်တယ် လို့ အတိအလင်း ပြဌာန်းထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ကစားသမားကတော့ သူ့အနေနဲ့ လောင်းကစားမှ ဘယ်လိုအကျိုးအမြတ်မှ မရယူဖူးကြောင်းနှင့် ကိုယ်တိုင်လည်း လောင်းကစားမပြုလုပ်ကြောင်း ထွက်ဆိုထားပါတယ်။

လက်ရှိအချိန်မှာ ထရစ်ပီယာရဲ့ အမှုအတွက် စစ်ဆေးနေဆဲ ဖြစ်ပြီး ယခုနှစ် အစောပိုင်းတုန်းကလည်း ထရစ်ပီယာနှင့် အလားတူ ပြစ်မှုမျိုးနဲ့ လီဗာပူးနှင့် အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒန်နီရယ်စတားရစ်ချ်ကို ၄လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားတယ်လို့သိရပါတယ်။

ထရစ်ပီယာနှင့်အတူ နောက်ထပ် ဘယ်‌နောက်ခံလူ ဘန်ချီဝဲလ်လည်း ဒဏ်ရာအကြောင်းပြပြီး ကလပ်အသင်းကို ပြန်သွားတဲ့အတွက် အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကတော့ ဒိန်းမတ်နဲ့ပွဲမတိုင်မီ ဘယ်နောက်ခံလူ ပြဿနာနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်နောက်ခံအတွက် ဖြစ်နိုင်ချေကစားသမားကတော့ အာဆင်နယ်ကစားသမား မစ်လန်နိုင်းစ်နဲ့ချီ ဝဲလ်ရဲ့ ကလပ်အသင်းကစားဖော် ရိစ်ဂျိမ်းတို့သာ ကျန်တော့ပြီး ဘယ်သူ့ကို ပွဲထုတ်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က