ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ဂရစ်မန်းအတွက် စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုဖြစ်လာပြီး ပိုမိုအားထုတ်ကြိုးပမ်းဖို့ လိုအပ်နေပြီလို့ ဒက်ချမ့််စ်က သတိပေးခဲ့မှုလည်း ဖြစ်လာခဲ့ပါတယ်။
ပြင်သစ်နည်းပြဒက်ချမ့်စ်က အသင်းမှာ ဂရစ်မန်းအတွက် ပုံမှန်နေရာရရှိဖို့ ကတိမပေးနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ဘာစီလိုနာမှာရော၊ ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ဂရစ်မန်းအတွက် စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုဖြစ်လာပြီး ပိုမိုအားထုတ်ကြိုးပမ်းဖို့ လိုအပ်နေပြီလို့ ဒက်ချမ့််စ်က သတိပေးခဲ့မှုလည်း ဖြစ်လာခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဂရစ်မန်းဟာ အကောင်းဆုံးပုံစံပျောက်ဆုံးနေခဲ့သူဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ပြင်သစ်အတွက် ယူရို ၂၀၁၆ မှာ ဂိုးအများဆုံးသွင်းယူပေးခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ကာ သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝမှတ်တမ်းတွေက ကောင်းမွန်နေခဲ့ပါတယ်။
ဒါပေမယ့် ဒက်ချမ့်က ခရိုအေးရှားနဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင်မှာ "နောက်ဆုံးကစားခဲ့တဲ့ ပွဲကို အားလုံးကြည့်နေခဲ့မယ်ဆိုတာသိပါတယ်၊ အဲဒီပွဲမှာ သူ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် သူ့ရဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင် ၈၁ပွဲ၊ ၃၂ဂိုး၊ ၂၁ ကြိမ်ဖန်တီးပေးထားပါတယ်၊ ဒါတွေက သူ ဘယ်လိုကစားသမားလဲဆိုတာကို ပြသနေတာပါ၊ ဒါပေမယ့်လည်း ပေါ်တူဂီနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တခြားကစားသမားတွေလိုပဲ သူ့အတွက်လည်း အာမခံချက်မရှိပါဘူး"
"သူ ကစားနေတဲ့နေရာအတွက် ကျွန်တော်နဲ့သူ ပြောဆိုနိုင်ပါတယ်၊ ဘယ်နေရာမှာ သူက အကောင်းဆုံးလဲ ကျွန်တော်သိပါတယ်၊ သူ့အတွက် အချိန်နည်းနည်းလိုအပ်ပါယ်၊ သူက ပေါ်တူဂီနဲ့ပွဲမှာဆိုရင် ဒုတိယပိုင်းမှာ ပိုပြီးကောင်းမွန်ခဲ့ပါတယ်၊ သူက တိုက်စစ်ကစားသမားပါ၊ ဒါပေမယ့် သူက တော်တော်လေးပြေးလွှားကစားနေပြီး တခါတလေမှာ ကွင်းလယ်တိုက်စစ်တစ်ဦးဖြစ်နေခဲ့ပါတယ်" လို့လည်း ဒက်ချမ့်စ်က ဖြေရှင်းခဲ့ပါတယ်။