ဆွီဒင်နဲ့ပွဲမှာ ဂျိုတာက အနိုင်ဂိုး ၂ဂိုးသွင်းယူပေးခဲ့ပါတယ်။
Pyae Phyo Thein

အိမ်ကွင်းမှာ ပေါ်တူဂီက ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျိုတာကို နည်းပြဖာနန်ဒိုဆန်းတို့စ်က ပွဲထွက်စေခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့်လည်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။


ပေါ်တူဂီက ဆွီဒင်ကို အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ အနိုင်ဂိုး ၂ဂိုးသွင်းပေးခဲ့တဲ့ ဒီအိုဂိုဂျိုတာက ပေါ်တူဂီအနေနဲ့ ရော်နယ်ဒိုနေရာကို အစားထိုးဖို့ ဘာဖိအားမှမရှိခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အိမ်ကွင်းမှာ ပေါ်တူဂီက ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျိုတာကို နည်းပြဖာနန်ဒိုဆန်းတို့စ်က ပွဲထွက်စေခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့်လည်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။

အသက် ၂၃နှစ်အရွယ် ဂျိုတာဟာ ပေါ်တူဂီအတွက် ဒုတိယမြောက်ပွဲကို ပါဝင်ကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးလ်ကစားသမားက သူ့ခြေစွမ်းအပေါ်မှာ ကျေနပ်နေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ ရော်နယ်ဒိုမကစားနိုင်တဲ့အချိန်မှာ ပါဝင်ကစားပေးခဲ့ပြီး နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့တဲ့အပေါ်မှာလည်း ဂုဏ်ယူနေခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ဂျိုတာက "အကောင်းမွန်ဆုံးညတစ်ညဖြစ်ခဲ့့ပြီး ကျွန်တော့်ရဲ့ နိုင်ငံအတွက်လည်း ကျွန်တော့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်၊ ဆွီဒင်နဲ့ကစားခဲ့အပြီး ရလဒ်ကောင်းပိုင်ဆိုင်ခဲ့ပါတယ်၊ လွယ်လွယ်ကူကူတော့ ကစားနိုင်ခဲ့တာမဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့အတွက် ဂုဏ်ယူကျေနပ်စရာပါပဲ"

"နည်းပြက တစ်ပွဲချင်းစီအတွက် ကစားသမား ၁၁ဦးကို ရွေးချယ်နေတာဖြစ်ပြီး ကွင်းထဲမှာ ကျွန်တော်အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်၊ ဒါက ရော်နယ်ဒိုနေရာအတွက် အစားထိုးဖို့ အသင်းမှာ ဘာဖိအားမှမရှိဘူးဆိုတာပါပဲ၊ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေဖြစ်ပြီး နည်းပြရွေးချယ်ခဲ့တဲ့ ကစားသမားတွေက အလုပ်လုပ်ပြရမယ့်သူတွေပါ"


"ကျွန်တော့်ရဲ့အကောင်းဆုံးအခိုက်အတန့်ဖြစ်ပြီး လီဗာပူးလ်ကိုပြောင်းရွှေ့ခဲ့တာက ကစားသမားဘဝမှာ ကြီးမားတဲ့တက်လှမ်းမှုတစ်ခုပါပဲ၊ ဒီနေ့မှာ လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး အကောင်းဆုံးပုံစံကို ကျွန်တော်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ပေါ်တူဂီအတွက် နောက်တစ်ဂိုးကိုတော့ ဘာနာဒိုဆေးလ်ဗားက သွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ကာ ၄ပွဲကစားအပြီး ၃ပွဲနိုင်ကာ ၁ပွဲသရေကျပြီး အုပ်စုတွင်းမှာ ဦးဆောင်နေခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က