ဆိုးရွားတဲ့ ဖျက်ထုတ်ပုံ ၂ခုကြောင့် အနီကတ်ပြသခံခဲ့ရပါတယ်။
Pyae Phyo Thein

ဆိုးရွားတဲ့ဖျက်ထုတ်ပုံ ၂ခုကြောင့် မက်ဂွိုင်းယားဟာ ၂၀ါ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး နာမည်ကျော်ပွဲအစီအစဉ်တင်ဆက်သူတွေက အင်္ဂလန်နောက်ခံလူဟာ ယုံကြည်မှုရော၊ ခြေစွမ်းပါ ပျောက်ဆုံးနေပြီလို့ ဝေဖန်ခဲ့ကြပါတယ်။ 


ဒိန်းမတ်ကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်မှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် နောက်ခံလူမက်ဂွိုင်းယားဟာ အကြီးအကျယ်ဝေဖန်ခံနေရပြီဖြစ်ပါတယ်။ ဆိုးရွားတဲ့ဖျက်ထုတ်ပုံ ၂ခုကြောင့် မက်ဂွိုင်းယားဟာ ၂၀ါ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး နာမည်ကျော်ပွဲအစီအစဉ်တင်ဆက်သူတွေက အင်္ဂလန်နောက်ခံလူဟာ ယုံကြည်မှုရော၊ ခြေစွမ်းပါ ပျောက်ဆုံးနေပြီလို့ ဝေဖန်ခဲ့ကြပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရာသီအပြီး ဂရိကို အပန်းဖြေခရီးသွားရောက်ခဲ့ရင်း ရန်ပွဲဖြစ်ပွားခဲ့လို့ ဥပဒေကြောင်းအရ ဖြေရှင်းမှုတွေကို ပြုလုပ်နေခဲ့ရပါတယ်။ အဆိုပါအဖြစ်အပျက်ကတဆင့် မက်ဂွိုင်းယားရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေက ကွင်းအတွင်းထဲမှာပါ ရှိနေပြီး ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းမပြနိုင်ဘဲ ရှိနေပြီဖြစ်ပါတယ်။ 

အင်္ဂလန်နဲ့ ဒိန်းမတ်ပွဲကို Sky Sports မှာ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျင်မီရက်နပ်က "သူ့အတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်၊ သူ့ရဲ့ ယုံကြည်မှုအားလုံးက ကြမ်းပြင်ပေါ်ရောက်နေပါပြီ၊ သူ့ရဲ့ကစားသမားဘဝမှာ အဆိုးရွားဆုံးအခိုက်အတန့်တွေဖြစ်နေပြီး သူ ယုံကြည်မှုတွေပြန်ရဖို့ လိုအပ်နေပါတယ်၊ ဒါပေမယ့် သူ့မှာ ယုံကြည်မှုနည်းပါးနေပါပြီ၊ ဒီလိုပုံစံမျိုးနဲ့တော့ သူ ယူနိုက်တက်အသင်းခေါင်းဆောင်မဖြစ်သင့်တော့ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။


ဒါ့အပြင် ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း "မက်ဂွိုင်းယားက ကွင်းတွင်းကွင်းပြင်မှာ ခက်ခဲတဲ့အချိန်တွေရှိနေတယ်ဆိုတာကို ဆောက်ဂိတ် သိနေရမှာပါ၊ သူ အကောင်းဆုံးဖြစ်လာဖို့အတွက် ဆောက်ဂိတ်ရဲ့ အကူအညီတွေလိုပါတယ်၊ ဒီလိုမျိုး ယုံကြည်မှုမရှိတဲ့ ပုံစံနဲ့တော့ သူ ယူနိုက်တက်ကို မပြန်သင့်ပါဘူး၊ သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ ကျွန်တော်မမြင်ချင်တော့ဘူး" လို့ ပြောဆိုခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ စပါးကို ယူနိုက်တက်က အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့စဉ်ကလည်း အမှားအယွင်းတွေ ကျူးလွန်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဘောလုံးပေးပို့ပုံအားနည်းချက်ကနေ စပါးက ချေပဂိုးသွင်းယူခဲ့သလို အနိုင်ဂိုးတွေထပ်မံသွင်းယူရာမှာလည်း မက်ဂွိုင်းယားရဲ့ ခြေစွမ်းနဲ့ ဦးဆောင်မှုပိုင်းက မေးခွန်းထုတ်ခံခဲ့ရပါသေးတယ်။ 


Author


က္က