ခရိုတုန်း၊ဒိုင်နမိုကိဗ်တို့နှင့်ပွဲတွေကိုမူ သေချာပေါက် လွဲချော်ဖို့ ရှိနေပါတယ်။
Kyaw Ko Ko Sint

ရော်နယ်ဒိုအနေနဲ့ ကိုဗစ်ပိုး တွေ့ရှိထားလို့ သီးသန့်နေထိုင်နေရပြီး ပေါ်တူဂီနှင့်ဆွီဒင်အသင်းတို့ရဲ့ နေးရှင်းလိဂ်ပွဲ ကို လွဲချော်ခဲ့ရပြီး ဖြစ်ပါတယ်။

ဆွီဒင်နဲ့ပွဲမတိုင်ခင် ရော်နယ်ဒိုမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့လို့ သီးသန့် တစ်ဦးတည်း နေထိုင်နေရပြီး ယခုအခါ မိခင် ကလပ်ဂျူဗင်တပ်အသင်းရှိရာ အီတလီကို ဗုဒ္ဓဟူးနေ့ညကပဲ သီးသန့် လေယာဥ်ဖြင့် ပြန်သွားပြီလို့ သိရပါတယ်။

ပေါ်တူဂီအသင်းနှင့်အတူ ခြေစမ်းပွဲနှင့် နေးရှင်းလိဂ်ပွဲတွေကစားဖို့ ပူး‌ပေါင်းလျက်ရှိရာမှ ယခုအခါ ရော်နယ်ဒိုက အီတလီကို ပြန်သွားတာပါ။

ကိုဗစ်တွေ့ထားလို့ ရော်နယ်ဒိုအနေနဲ့ တစ်ဦးတည်းသီးသန့် နေထိုင်မှုကို အနည်းဆုံး ၁၀ရက်ပြုလုပ်ရမှာ ဖြစ်သလို ဒီကြားထဲမှာလည်း ရောဂါပိုးအခြေအနေကို ‌စောင့်ကြည့်စစ်ဆေးမှုတွေ ခံယူရမှာပါ။

ဒါကြောင့် နိုင်ငံပွဲဖြစ်တဲ့ ဆွီဒင်နဲ့ပွဲကို လွဲချော်ခဲ့သလို ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်း ကစားရမယ့် ပွဲတွေ ဖြစ်တဲ့ ခရိုတုန်း၊ဒိုင်နမနိုကိဗ်တို့နဲ့ပွဲတွေကိုလည်း သေချာပေါက် မကစားရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ကျန်းမာရေး အခြေအနေကို ‌စောင့်ကြည့်ကာ ဗီရိုနာနှင့်ပွဲအပါအဝင် ဘာစီလိုနာနှင့်ကစားရမယ့် ချန်ပီယံ လိဂ်ပွဲကိုလည်း မပါဝင်နိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘာစီလိုနာနှင့်ပွဲက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အထူးစောင့်ကြည့်နေတဲ့ ပွဲဖြစ်ပြီးသူတို့နှစ်ဦး ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်။

ဒီပွဲကို အောက်တိုဘာ ၂၉မှာ ကစားမှာ ဖြစ်တာကြောင့် ရော်နယ်ဒိုအနေနဲ့ မီကောင်းမီနိုင်ပေမယ့်လည်း ကျန်းမာ‌ ရေး အခြေအနေက အတိအကျ မပြောနိုင်ဘူး ဖြစ်နေတာပါ။

ဒီအခြေအနေမှာတော့ ယူအီးအက်ဖ်အေက ရော်နယ်ဒိုအတွက် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပေးလာပြီး ဘာစီလို နာနှင့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ဆိုရင် ကျန်းမာရေး ကောင်းရုံတင် မကပဲ ပွဲမကစားခင် အနည်းဆုံး တစ်ပတ်အလို လောက်ကတည်းက ရောဂါပျောက်ကင်းသက်သာနေဖို့ လိုတယ်လို့ ထုတ်ပြန်ပေးလာတာပါ။

ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ တစ်ပတ်အတွင်းမှာ ရောဂါ ပြန်လည်ပျောက်ကင်းသက်သာဖို့ လိုအပ်နေပြီး တစ်ပတ် ကျော်တဲ့အထိ ကိုဗစ်ပိုး ထပ်တွေ့နေအုံးမယ်ဆိုရင် ဘာစီလိုနာနှင့်ပွဲကို ပါဝင်ဖို့ မသေချာနိုင်တော့ပါဘူး။


Author


က္က