ဘရာဇီးအသင်းအတွက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာပါတယ်။
Kyaw Ko Ko Sint

ဂိုးသွင်းယူပြီးချိန်မှာ ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံခဲ့တဲ့ နေမာရဲ့ အောင်ပွဲခံဟန်ကလည်း ရေပန်းစားလျက်ရှိနေပါတယ်။

ပီရူးကို ၄-၂နဲ့ အနိုင်ယူခဲ့တဲ့ပွဲမှာ ဘရာဇီးအသင်းအတွက် ဟက်ထရစ်သွင်းယူပြီး ရော်နယ်ဒိုရဲ့ သွင်းဂိုးစံချိန်ကို နေမာအနေနဲ့ ကျော်ဖြတ်နိုင်ပါပြီ။

ဘရာဇီးအသင်းအတွက် ရော်နယ်ဒိုက ၆၂ဂိုးသွင်းယူပေးထားတာ ဖြစ်ပြီး နေမာက ၆၄ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ၁၉၉၄ကနေ ၂၀၁၁အထိ သူဖြတ်သန်းခဲ့တဲ့ ဘောလုံးသမားဘဝမှာ ကမ္ဘာ့ဖလား၂ကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့တာပါ။

“လေးစားပါတယ်နေမာ၊ကောင်းကင်က အကန့်အသတ်ရှိပါတယ်။ပျံသန်းပါကလေး၊အခုဆို ဘယ်လောက်တောင် လှပတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖန်တီးလိုက်နိုင်ပြီလဲ?မင်းရဲ့ စွမ်းရည်ကို ဘယ်သူမှ ယူလို့မရပါဘူး။ထိပ်ဆုံးမှာ မြင် တွေ့နေရတာ ဂုဏ်ယူပါတယ်။”လို့ ရော်နယ်ဒိုက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားဖော်ပြလာတာပါ။

နေမာအနေနဲ့ကတော့ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့ချိန်မှာလည်း ရော်နယ်ဒိုရဲ့ တစ်ချိန်က ဂိုးသွင်းပြီး အောင်ပွဲခံဟန် နဲ့ ဆင်တူပြီး အောင်ပွဲခံခဲ့တာကလည်း ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိပါတယ်။

ဘရာဇီးအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်မှာ ၂ပွဲကစားပြီးချိန် ၂ပွဲနိူင် ၆မှတ်ဖြင့် အုပ်စုကို ဦးဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က