နာမည်ကျော်လူငယ်ကြယ်ပွင့်တွေရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ။
Pyae Phyo Thein

လူငယ်ကစားသမားတွေထဲမှာ အခြားသောသူတွေထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကို ပြသနေတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်း၊ တောင်ပံကစားသမား ဆန်ချိုတို့ ပါဝင်လာခဲ့ကြပြီး ဆုရရှိဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေကြပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ Golden Boy ဆု ဆန်ခါတင်ကစားသမား ၂ဝဦးစာရင်းကို ဒီနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လက်ရှိဘောလုံးလောကအတွင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေ ပါဝင်လာခဲ့ကြပြီး ဆုရရှိဖို့အတွက်ကတော့ တော်တော်လေးကို အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ 

လူငယ်ကစားသမားတွေထဲမှာ အခြားသောသူတွေထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကို ပြသနေတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်း၊ တောင်ပံကစားသမား ဆန်ချိုတို့ ပါဝင်လာခဲ့ကြပြီး ဆုရရှိဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေကြပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဘရာဇီးလ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ရိုဒရိုင်ဂို နဲ့ ဗင်နီရှပ်တို့လည်း ဒီစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေကြတဲ့ မန်စီးတီးအသင်းက ဖိုဒန်၊ မန်ချက်စတာယူနိုက်တက်အသင်းက ဂရင်းဝုဒ်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံးကတော့ ပြီးခဲ့တဲ့ရာသီမှာ သက်ဆိုင်ရာအသင်းတွေအတွက် ထူးထူးခြားခြားခြေစွမ်းပြခဲ့ကြပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရသူတွေဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ အနာဂတ်ကစားသမားလို့ တင်စားခံနေရတဲ့ အန်ဆူဖာတီ၊ မန်စီးတီးကိုပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်တဲ့ ဖာရန်တောရက်စ်၊ အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာ၊ ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ကာမာဗင်ဂါ၊ အီတလီမှာ ပီယာလိုလက်သစ်လို့ နာမည်ကျော်နေတဲ့ တိုနာလီတို့လည်း ပါဝင်လာခဲ့ကြကာ ဒီနှစ်အတွက် Golden Boy ဆုရှင်ဖြစ်လာဖို့က တော်တော်လေးကို ခက်ခဲမယ်လို့ ယူဆရပါတယ်။

ကျန်ကစားသမားတွေအဖြစ် ဘက်ကာ၊ ဂျိုနသန်ဒေးဗစ်၊ ဆယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဇဘိုဆလိုင်၊ ကူလူဆက်ဗ်စကီး၊ အိုဒွိုင်း၊ ဂရေဗင်ဘာ့ချ်၊ ဖေဘီယိုဆေးလ်ဗား၊ ဆာဂျီဟိုဒက်စ်၊ မစ်ချယ်ဘက်ကာတို့ ပါဝင်ခဲ့ကြပါတယ်။ 


Author


က္က