ကျန်းမာရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကိုမတောင်းခံခဲ့ဘူးလို့ ဆိုပါတယ်။

ကစားသမားအနေနဲ့ အီတလီကျန်းမာရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပြီး ဂျူဗီဥက္ကဌအဂ္ဂါနယ်လီကတော့ ဒီစွပ်စွဲမှုကို ငြင်းဆန်ခဲ့ပါတယ်။ 


ပေါ်တူဂီကနေ အီတလီကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ အီတလီအားကစားဝန်ကြီး ဗင်ဆန်ဇိုစပါဒါဖိုရာက ပြောဆိုလိုက်ပါတယ်။ ကစားသမားအနေနဲ့ အီတလီကျန်းမာရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပြီး ဂျူဗီဥက္ကဌအဂ္ဂါနယ်လီကတော့ ဒီစွပ်စွဲမှုကို ငြင်းဆန်ခဲ့ပါတယ်။ 



ရော်နယ်ဒိုဟာ ပေါ်တူဂီမှာ တစ်ဦးတည်းသီးသန့်နေထိုင်မှု ရက်အနည်းငယ်ပြုလုပ်ခဲ့ပြီး တူရင်ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နဲ့ကစားခဲ့တဲ့ပွဲအပြီး ဆေးစစ်ချက်အရ ရော်နယ်ဒိုဟာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ တွေ့ရှိခဲ့ရပြီး ဆွီဒင်နဲ့ပွဲကို လွဲချော်ခဲ့ကာ သီးသန့်နေထိုုင်ခြင်းပြုလုပ်ခဲ့ရပြီး ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။ 

ရော်နယ်ဒို ပြန်လည်ရောက်ရှိခဲ့ကြောင်းကို ဂျူဗီကလည်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြိး "ကစားသမားရဲ့ တောင်းဆိုချက်အရ ကျန်းမာရေးအာဏာပိုင်တွေက ခွင့်ပြုထားတဲ့ ဆေးဘက်ဆိုင်ရာလေယာဉ်နဲ့ ရော်နယ်ဒိုက အီတလီကိုပြန်ရောက်လာခဲ့ပါတယ်၊ သူ့ရဲ့နေအိမ်မှာ ကွာရန်တင်းဝင်သွားမှာပါ" လို့ ရေးသားခဲ့ပြီး ရော်နယ်ဒိုဟာ Private Jet နဲ့ ပြန်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Rai Radio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အီတလီအားကစားဝန်ကြီးက "ရော်နယ်ဒိုက ကျန်းမာရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မပါဘဲ ပြန်လာခဲ့တာပါ၊ သူ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောဆိုခဲ့ပြီး ဒီအပေါ်မှာ အဂ္ဂါနယ်လီက တုံ့ပြန်မှုတွေပြုလုပ်ခဲ့ပါတယ်။ 

"သူ စည်းကမ်းတွေ ချိုးဖောက်ခဲ့လား၊ မချိုးဖောက်ခဲ့ဘူးလားဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို မေးကြည့်လိုက်ပါ" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ခရိုတွန်နီ၊ ဗီရိုနာတို့နဲ့ ကစားမယ့်ပွဲတွေကို လွဲချော်ဖို့ရှိနေပြီး ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဒိုင်နမိုကိဗ်နဲ့ပွဲကိုလည်း လွဲချော်ဖို့ နီးစပ်နေကာ ဘာစီလိုနာနဲ့ ပွဲစဉ်ကျမှ ပါဝင်လာဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က