အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ ကောင်းကောင်းလုပ်နိုင်စွမ်းရှိပြီး ပါးရေနပ်ရေရှိတယ်လို့ နာမည်ကြီးနေတဲ့ ဂျူဗင်တပ်စ်တို့ ပြောင်မြောက်တဲ့ အပြောင်းအရွှေ့တစ်ခုကို လုပ်ဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ရာကောင်းနေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးကိုင်လီယန်ဘတ်ပီကို ပေါင်သန်း ၃၆၀ အထိ ပေးချေကာခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အီတလီသတင်းစာ Tuttosport က ဖော်ပြခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွှေ့အတွက် ရော်နယ်ဒိုကို ပြင်သစ်ကလပ်ဆီ နည်းလမ်းတစ်ခုခုနဲ့ ရောက်ရှိစေဖို့အတွက်ပါ စီမံသွားမယ်လို့ ဆိုပါတယ်။
အနာဂတ်မှာ ဘောလုံးလောကကို ဦးဆောင်မယ့်ကစားသမားတစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ဘတ်ပီကို ဂျူဗီက စိတ်ဝင်စားမှုတွေပြသလာခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့လှုပ်ရှားမှုတွေမှာ ကောင်းကောင်းလုပ်နိုင်စွမ်းရှိပြီး ပါးရေနပ်ရေရှိတယ်လို့ နာမည်ကြီးနေတဲ့ ဂျူဗင်တပ်စ်တို့ ပြောင်မြောက်တဲ့ အပြောင်းအရွှေ့တစ်ခုကို လုပ်ဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ရာကောင်းနေပါတယ်။
Tuttosport ရဲ့ ဖော်ပြချက်အရဆိုရင်တော့ ပီအက်စ်ဂျီနဲ့ သတင်းတွေထွက်ခဲ့တဲ့ ရော်နယ်ဒိုကို ဂျူဗီဘက်က လက်လွှတ်ခံဖို့ရှိနေပါတယ်။ လာမယ့်ရာသီမှာဆိုရင် ရော်နယ်ဒိုက ၃၆ နှစ်အရွယ်ရှိနေမှာဖြစ်ပြီး ဂျူဗီက အနာဂတ်အတွက်မျှော်မှန်းပြိး ဘတ်ပီကို ခေါ်ယူနိုင်ဖို့အတွက် ကြိုတင်ပြီးတော့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း ယူဆရပါတယ်။