အီတလီကို ပြန်လာစဉ်မှာ စည်းကမ်းဖောက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

အီတလီအားကစားဝန်ကြီးရဲ့ ပြောဆိုခဲ့မှုကို ရော်နယ်ဒိုက အင်စတာဂရမ်ကတဆင့် ပြန်လည်ဖြေရှင်းခဲ့ပြီး လိမ်လည်ပြောဆိုမှုတွေသာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ဆိုခဲ့ပါတယ်။ 


ပေါ်တူဂီကနေ အီတလီကို ပြန်လည်ရောက်ရှိခဲ့ရာမှာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့အပေါ် ရော်နယ်ဒိုက ပြန်လည်တုံ့ပြန်ခဲ့ပြီဖြစ်ပါတယ်။ အီတလီအားကစားဝန်ကြီးရဲ့ ပြောဆိုခဲ့မှုကို ရော်နယ်ဒိုက အင်စတာဂရမ်ကတဆင့် ပြန်လည်ဖြေရှင်းခဲ့ပြီး လိမ်လည်ပြောဆိုမှုတွေသာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ဆိုခဲ့ပါတယ်။ 



အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆွီဒင်နဲ့ပွဲကို ပေါ်တူဂီအတွက် မကစားပေးနိုင်ခဲ့ဘဲ နေအိမ်ကနေသာ အားပေးခဲ့ရပါတယ်။ လစ္စဘွန်းကနေ တူရင်ကို ရော်နယ်ဒိုက အထူးစီစဉ်ထားတဲ့ ဆေးဘက်ဆိုင်ရာလေယာဉ်နဲ့ ပြန်လာခဲ့တာဖြစ်ပြီး ဒီလိုပြန်လာစဉ်မှာ အာဏာပိုင်တွေကို အကြောင်းကြားမှုမရှိခဲ့ဘူးလို့ အားကစားဝန်ကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ဒီပြောဆိုမှုအပေါ်မှာ ရော်နယ်ဒိုက " ကျွန်တော် ဘယ်လိုချိုးဖောက်မှုတွေကိုမှ မလုပ်ခဲ့ပါဘူး၊ သူတို့က ကျွန်တော် အီတလီဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ပြောပေမယ့် အဲဒါအားလုံးက အလိမ်အညာတွေပါ၊ ကျွန်တော်အသင်းနဲ့ စကားပြောဆိုခဲ့ပြီး အပြည့်အဝတာဝန်ယူမှုတွေနဲ့ မှန်မှန်ကန်ကန်ပဲ လုပ်ဆောင်ခဲ့တာပါ၊ အားလုံးကို အာဏာပိုင်တွေနဲ့ ပြောဆိုညှိနှိုင်းခဲ့ပါတယ်"

"ကျွန်တော်နာမည်ထုတ်မပြောချင်တဲ့ အီတလီသားက (အားကစားဝန်ကြီး) လိမ်ညာနေခဲ့တာပါ၊ ကျွန်တော် လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာခဲ့ပါတယ်" လို့ ရော်နယ်ဒိုက ရေးသားခဲ့ပါတယ်။ သူကထပ်ပြီး "ကျွန်တော်နဲ့ ကလေးတွေက အခုဆိုရင် ကြမ်းတပြေးတည်းမဟုတ်ပါဘူး၊ နောက်ဆယ်ရက်လောက်က အဲဒီလိုပဲနေသွားရမှာပါ၊ သူတို့နဲ့ ထိတွေ့ပြီး ဆက်ဆံနေဖို့က လွယ်ကူပါတယ်၊ ဒါပေမယ့် စည်းကမ်းတွေကို ကျွန်တော်တို့လေးစားရပါမယ်" လို့လည်း ရေးခဲ့ပါသေးတယ်။

ရော်နယ်ဒိုကတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦးအနေနဲ့ အီတလီကို ပြန်လာခဲ့ရာမှာတော့ ခရီးစဉ်အစအဆုံးအတွက် လုံခြုံစိတ်ချရမှုအပြည့်အဝရှိအောင် ပြုလုပ်ခဲ့ရပြီး အလုံးစုံတာဝန်ယူရဖို့အတွက်လည်း ဝန်ခံကတိပေးခဲ့ရတယ်လို့ သိရပါတယ်။ သူ စီးနင်းလိုက်ပါလာမယ့် လေယာဉ်ကိုလည်း သတ်မှတ်စံညွှန်းတွေအတိုင်း ပြင်ဆင်ခဲ့ရပြီး ကျန်းမာရေးအာဏာပိုင်တွေက စစ်ဆေးကာ ကျေနပ်ပြီဆိုမှ ခွင့်ပြုခဲ့တာလို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က