ရာသီအစမှာပဲ ခြေစွမ်းပြနေပြီဖြစ်ပါတယ်။

နေမာ၊ အီကာဒီတို့လို တိုက်စစ်မှူးတွေမပါဝင်ချိန်မှာ ဘတ်ပီက အသင်းတိုက်စစ်ကိုဦးဆောင်ကစားခဲ့ပြီး ပီအက်စ်ဂျီတို့ ဂိုးပြတ်နိုင်ပွဲရအောင် ကူညီပေးနို်င်ခဲ့တာဖြစ်ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ နီမက်စ်အသင်းနဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဘတ်ပီရဲ့ လီဂူးသွင်းဂိုးက ၄ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ နေမာ၊ အီကာဒီတို့လို တိုက်စစ်မှူးတွေမပါဝင်ချိန်မှာ ဘတ်ပီက အသင်းတိုက်စစ်ကိုဦးဆောင်ကစားခဲ့ပြီး ပီအက်စ်ဂျီတို့ ဂိုးပြတ်နိုင်ပွဲရအောင် ကူညီပေးနို်င်ခဲ့တာဖြစ်ပါတယ်။



ပွဲချိန်တစ်လျှောက်လုံးမှာ ဘတ်ပီက ဘယ်တောင်ပံ၊ ညာတောင်ပံတွေကို လှည့်ပြောင်းကစားခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကိုလည်း ရယူပေးခဲ့ပါတယ်။ နီမက်စ်အသင်းက ကစားသမားတစ်ဦးထုတ်ပယ်ခံရပြီးနောက် ပီအက်စ်ဂျီက တစ်ပွဲလုံးကိုလွှမ်းမိုးခဲ့ပြီး ဒုတိယပိုင်းမှာ ၃ဂိုး ထပ်မံသွင်းယူခဲ့ကာ အဝေးကွင်းမှာ ကြီးမားတဲ့ဂိုးပြတ်နိုင်ပွဲကို ရယူခဲ့ပါတယ်။

ဘတ်ပီအတွက်တော့ ပြင်သစ်လီဂူး ၄ပွဲကစားအပြီးမှာပဲ ၄ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပြီး စုစုပေါင်း ၈ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်အတွက် နေးရှင်းလိဂ်ပွဲတွေကိုလည်း ပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ကလပ်အသင်းအတွက်လည်း ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းကာ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ လီဂူးဝမ်းရွှေဖိနပ်ဆုကို ၁၈ ဂိုးသွင်းယူကာ ရယူနိုင်ခဲ့တဲ့ ဘတ်ပီက တစ်ရာသီကို ပျမ်းမျှဂိုးပေါင်း ၃၀ အထိ သွင်းယူနေပြီဖြစ်ပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၉ ဂိုး၊ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၀ ဂိုးအထိ ရရှိခဲ့ပြီး ဒီရာသီအစမှာလည်း ၄ ဂိုးအထိ ရရှိထားပြီးဖြစ်ခဲ့ကာ သူ့ရဲ့ဂိုးသွင်းစွမ်းရည်တွေကို ထပ်မံပြီး ထိန်းသိမ်းနိုင်မယ့် အလားအလာမှာရှိနေပြီဖြစ်ပါတယ်။ 



က္က