အသင်းသစ်အေတီကိုအတွက် ဒီရာသီမှာ ၃ဂိုးသွင်းပေးထားပြီးပါပြီ။
Pyae Phyo Thein

ဒီရာသီမှာ အက်သလက်တီကိုမက်ဒရစ်ကိုပြောင်းရွှေ့ခဲ့ပြီး ဆွာရက်ဇ်က ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့နောက်မှာ သူ့ရဲ့ လာလီဂါသွင်းဂိုးက ၁၅၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်က ဆယ်လ်တာဗီဂိုကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဆွာရက်ဇ်ဟာ ၂၁ ရာစုအတွင်း လာလီဂါမှာ ဂိုးပေါင်း ၁၅၀ ကို ဒုတိယမြောက်အမြန်ဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။ ဆွာရက်ဇ်ထက် ပိုမိုသာလွန်သူအဖြစ် ရော်နယ်ဒိုတစ်ဦးတည်းသာ ရှိတော့တာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှူးအတွက်တော့ ဂုဏ်ယူစရာဖြစ််လာခဲ့ရပါတယ်။ 

ဆွာရက်ဇ်ဟာ ဘာစီလိုနာကို ၂၀၁၄ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီး ၆ နှစ်ကြာကစားပေးခဲ့ပါတယ်။ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၂၈၃ ပွဲမှာ ၁၉၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး လာလီဂါသွင်းဂိုးက ၁၄၇ ဂိုးအထိ ပါဝင်ခဲ့ပါတယ်။ ဒီရာသီမှာ အက်သလက်တီကိုမက်ဒရစ်ကိုပြောင်းရွှေ့ခဲ့ပြီး ဆွာရက်ဇ်က ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့နောက်မှာ သူ့ရဲ့ လာလီဂါသွင်းဂိုးက ၁၅၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ 

ဆွာရက်ဇ်ဟာ လာလီဂါ ၁၉၅ ပွဲကစားအပြီးမှာ ဂိုး ၁၅၀ ရရှိခဲ့ပြီး ရော်နယ်ဒိုကတော့ ရီးရဲလ်အတွက် ပွဲပေါင်း ၁၄၀ ကစားပေးအပြီးမှာပဲ သွင်းဂိုး ၁၅၀ ရရှိခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ကတော့ ဘာစီလိုနာမှာလည်း မက်ဆီနဲ့အတူ အသင်းတိုက်စစ်ကိုဦးဆောင်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့သလို အသင်းသစ်မှာလည်း ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေခဲ့ပြီဖြစ်ပါတယ်။

နည်းပြဆီမြွန်နီရဲ့ အားကိုးတကြီးခေါ်ယူမှုကို ရရှိခဲ့ပြီး နူးကမ့်ကို ကျောမခိုင်းချင်းပဲ ကျောခိုင်းခဲ့ရတဲ့ ဆွာရက်ဇ်က အဖွင့်ပွဲမှာ ၂ဂိုးသွင်းခဲ့ပြီးနောက် ဂိုးပေါက်ပျောက်နေခဲ့ပေမယ့်လည်း မနေ့ညကပွဲမှာ ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ အသင်းဟောင်းဘာစီလိုနာနဲ့ ပြန်လည်ကစားရမယ့်ပွဲမှာလည်း ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်းကမှ ပြောကြားထားခဲ့ပါသေးတယ်။ 


Author


က္က