အင်တာမီလန်နဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။

အေစီဟာ မြို့ခံပြိုင်ဘက်အသင်းကို ဇလာတန်ရဲ့ အစောပိုင်းမိနစ်သွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 


မီလန်ဒါဘီမှာ အေစီမီလန်အတွက် ၂ဂိုးသွင်းယူပေးခဲ့ပြီး ခြေစွမ်ပြခဲ့တဲ့ ဇလာတန်အီဘရာမိုဗစ်က ဒီပွဲကို သူ ပါဝင်ကစားခြင်းမရှိဖို့ ဗိုင်းရပ်စ်က တားဆီးခဲ့ပေမယ့် မတားဆီးနိုင်ခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။ အေစီဟာ မြို့ခံပြိုင်ဘက်အသင်းကို ဇလာတန်ရဲ့ အစောပိုင်းမိနစ်သွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 



ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် ပထမဆုံးပြန်လည်ကစားပေးတဲ့ပွဲမှာပဲ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးကြီးက ခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။ ဇလာတန်ဟာ မီလန်နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးသူဖြစ်ပြီးတော့ မနေ့ကပွဲမှာ သူ့ကြောင့်ရရှိခဲ့တဲ့ ပယ်နယ်တီကိုကန်သွင်းယူရာမှာ ဂိုးမရခဲ့ပေမယ့် ထပ်ဆင့်ပိတ်သွင်းခဲ့ကာ ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး သိပ်မကြာခင်မှာပဲ နောက်တစ်ဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။

အင်တာမီလန်အတွက် လူကာကူက ပြန်လည်ချေပဂိုးသွင်းပေးခဲ့ပေမယ့်လည်း ကျန်ပွဲချိန်တွေမှာ ဂိုးထပ်မသွင်းနိုင်ခဲ့လို့ အေစီမီလန်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီစီးရီးအေမှာ ၂ပွဲကစားအပြီး ၄ဂိုးအထိ ဇလာတန်က ရရှိသွားခဲ့ပြီဖြစ်ကာ ဆွီဒင်တိုက်စစ်မှူးကြီးက ပွဲအပြီးမှာတော့ အခုလိုပဲ ပြောသွားခဲ့ပါတယ်။ 

"ကျွန်တော် အနံ့အရသာ အနညး်ငယ်ပျောက်ခဲ့တာကလွဲရင် တခြားဘယ်လိုလက္ခဏာမှမပြသခဲ့ပါဘူး၊ သုံးရက်တစ်ခါ ကိုယ့်ကိုကိုယ် အာခေါင်တို့ပတ်ယူစစ်ဆေးခဲ့ပြီး ငါ ဒါဘီပွဲကို ကစားနိုင်ရမယ်လို့ ကိုယ့်ကိုကိုယ်ပြောနေခဲ့တာပါ၊ ဘယ်လိုတန်ဖိုးမျိုးပဲ ပေးဆပ်ရပေးဆပ်ရ၊ ကစားဖို့ ရည်ရွယ်ခဲ့တာပါ၊ ကျွန်တော် ပေါ့စတစ်ဖြစ်နေရင်တောင်မှ ကစားရမယ်ဆိုပြီးတော့ပေါ့" လို့ ဇလာတန်က Sky Sports ကို ဟာသအနည်းငယ်နှောပြီး ပြောခဲ့ပါတယ်။ 

"အသက်အရွယ်ရလာတာနဲ့ ပိုပြီးကောင်းလာသလားဆိုရင်တော့ ဟုတ်တယ်ပဲပြောရမှာပေါ့၊ ကျွန်တော်ပိုပြီးတော့ ပြည့်စုံလာသလိုခံစားရပြီး အတွေ့အကြုံတွေကလည်း ကူညီပေးပါတယ်၊ တကယ်လို့ ကျွန်တော်သာ အခုချိန် ချာတိတ်တစ်ယောက်အနေအထားသာဖြစ်မယ်ဆို ဘယ်သူမှ ကျွန်တော့်ကို ရပ်တန့်နိုင်မှာမဟုတ်ပါဘူး" လို့ ဇလာတန်က ပြောသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က