ရီးရဲမှာ တစ်ပတ်လုပ်ခ ပေါင် ၅သိန်းရရှိနေတာပါ။
Kyaw Ko Ko Sint

ကစားသမားတွေအပါအဝင် ဝန်ထမ်းတွေအားလုံးကို ၁၀ရာခိုင်နှုန်းလျော့ယူဖို့ တောင်းဆိုခဲ့ရာမှာ ဘေးလ်တစ်ဦး တည်းက သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၅သိန်းထဲကနေ ၁၀ရာခိုင်နှုန်းကို လျော့ယူပေးဖို့ မဖြစ်နိုင်ပဲ အပြည့်အဝ ရယူ လိုကြောင်း ငြင်းဆန်ခဲ့တာလို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းကနေ စပါးအသင်းကို အငှားနဲ့ သွားကစားနေပြီ ဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ လုပ်ခလျော့ယူဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ကိုဗစ်ကာလမှာ ကစားသမားနှင့် ဝန်ထမ်းတွေအားလုံးကို တစ်ယောက်လျင် လုပ်ခလစာ ရဲ့ ၁၀ရာခိုင်နှုန်းစီ လျော့ယူပေးဖို့ တောင်းဆိုလာရာမှာ ဂါရတ်ဘေးလ်တစ်ဦးတည်းက လျော့ယူဖို့ ငြင်းဆန်ခဲ့တာ လို့လည်း Daily Mail ကဖော်ပြလာပါတယ်။

လက်ရှိမှာ ကိုဗစ်ကြောင့် ဘောလုံးလောကတစ်ခုလုံး ဝင်ငွေတွေ လျော့နည်းလာချိန်မှာ ကလပ်အသင်းဖက်က ၁၀ ရာခိုင်နှုန်းကနေ စတင်ပြီး လျော့ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး အခြေအနေ ဆက်လက် ဆိုးရွားနေမယ်ဆိုရင် ၂၀ ရာခိုင်နှုန်းအထိ မြင့်မားလာဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဘေးလ်ကတော့ ရီးရဲမှာ တစ်နှစ်လုပ်ခ ပေါင် ၂၄သန်းအထိ ရရှိနေပြီး လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၅သိန်းထဲကနေ ၁၀ရာခိုင်နှုန်း လျော့ချလိုက်မယ်ဆိုရင် ပေါင် ၅သောင်းသာ လျော့နည်းသွားမှာပါ။

လက်ရှိမှာ စပါးအသင်းမှာ အငှားနဲ့သွားကစားနေတယ်ဆိုပေမယ့် ဘေးလ်ရဲ့ လစာငွေ တစ်ဝက်ကို ရီးရဲအသင်း ဖက်က ပေးချေပေးနေရတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က