ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင်လက်ပတ်နဲ့ ပွဲထွက်ခွင့်ရတော့မှာပါ။
Pyae Phyo Thein

မက်ဂွိုင်းယားမပါဝင်နိုင်တာကြောင့် အသင်းခေါင်းဆောင် ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းကို ဆိုးလ်ရှားက ဖြေဆိုခဲ့တာဖြစ်ပြီး "သူ့ဘေးနားမှာ အသင်းခေါင်းဆောင်ထိုင်နေတယ်" လို့ ဖာနန်ဒက်စ်ကို ညွှန်းဆိုပြောသွားခဲ့ပါတယ်။


ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲကို အသင်းခေါင်းဆောင်မက်ဂွိုင်းယားမပါဝင်နိုင်တဲ့နောက် နည်းပြဆိုးလ်ရှားက ကွင်းလယ်လူဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါဟာ စီနီယာကစားသမားတချို့ကို ကျော်လွန်ပြီး ဖာနန်ဒက်စ်ကို ယုံကြည်စွာနဲ့ ဆိုးလ်ရှားက လက်ပတ်ဝတ်ဆင်ခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

Talk Sport ရဲ့ ဖော်ပြချက်အရ Zoom ကတဆင့်ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားနဲ့အတူ ဖာနန်ဒက်စ်လိုက်ပါခဲ့တယ်လို့ သိရပါတယ်။ မက်ဂွိုင်းယားမပါဝင်နိုင်တာကြောင့် အသင်းခေါင်းဆောင် ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းကို ဆိုးလ်ရှားက ဖြေဆိုခဲ့တာဖြစ်ပြီး "သူ့ဘေးနားမှာ အသင်းခေါင်းဆောင်ထိုင်နေတယ်" လို့ ဖာနန်ဒက်စ်ကို ညွှန်းဆိုပြောသွားခဲ့ပါတယ်။

ဒီအပေါ်မှာ ဖာနန်ဒက်စ်ကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ရပြီး မျက်ခုံးပင့်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ သူ့ကို အသင်းခေါင်းဆောင်လို့ ဆိုးလ်ရှားက ပြောလို်က်ချိန်မှာ ပေါ်တူဂီကစားသမားက တော်တော်လေးစိတ်လှုပ်ရှားခဲ့ပုံလည်း ရသွားခဲ့ပါတယ်။ ဒါ့အပြင် Zoom က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

"ကျွန်တော် အသင်းခေါင်းဆောင်ဖြစ်မယ်လို့ မမျှော်လင့်ထားပါဘူး၊ ဒါက ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ဂုဏ်ပြုမှုပါပဲ၊ လူတိုင်းက အသင်းခေါင်းဆောင်ဖြစ်ချင်ကြတာပါ၊ ဒါပေမယ့် အားလုံးက အသင်းခေါင်းဆောင်တွေဖြစ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကူညီပေးနိုင်ဖို့ပဲ လိုအပ်တာပါ၊ ခေါင်းဆောင်တိုင်းက ကွဲပြားခြားနားပြီး မနက်ဖြန်ကစားမယ့်ပွဲက အသင်းပွဲစဉ်ပါ၊ ကျွန်တော့်အတွက်မဟုတ်ပါဘူး" လို့ ဖာနန်ဒက်စ်က ပြောသွားခဲ့ပါတယ်။ 



ယူနိုက်တက်ဟာ ပီအက်စ်ဂျီနဲ့ပွဲကို မက်ဂွိုင်းယား၊ ကာဗာနီ နဲ့ ဂရင်းဝုဒ်တို့မပါဝင်ဘဲ ကစားရမှာဖြစ်ပါတယ်။ အဲလက်စ်တဲလက်စ် နဲ့ ပယ်လီစထရီတို့လို ကစားသမားသစ်တွေတော့ ပါဝင်ခဲ့ပြီး ပေါ့ဂ်ဘာ၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ အခြားအဓိကကစားသမားတွေ အစုံအလင်ပါဝင်ခဲ့ပါတယ်။ 


Author


က္က