လာလီဂါ ၄ပွဲကစားပြီးချိန် တစ်ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။
Kyaw Ko Ko Sint

ယခုနှစ် ရာသီက ဘာစီလိုနာမှာမက်ဆီရဲ့ နောက်ဆုံးရာသီ ဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့ နွေရာသီကတည်းက အသင်းပြောင်းဖို့ လုပ်ဆောင်ခဲ့ရာမှာ မအောင်မြင်ခဲ့လို့ အသင်းမှာ ဆက်ရှိနေတာပါ။

ဂိုးသွင်းခြေ နိမ့်ကျနေပြီး ယခုနှစ်ရာသီမှာ ကလပ်အသင်းအတွက် တစ်ဂိုးသာ သွင်းယူပေးထားနိုင်‌သေးတဲ့ လီယွန်နယ်မက်ဆီရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး စောဒဂတက်စရာ မရှိသလို သံသယလည်း မရှိဘူးလို့ နည်းပြ ကိုးလ်မန်းက ထုတ်ဖော်ပြောလာပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူးအနေနဲ့ ယခုနှစ် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ပဲ ရှိခဲ့ လို့ ကလပ်အသင်းမှာ ဆက်ရှိနေတာပါ။

လက်ရှိမှာလည်း ကလပ်အသင်းနှင့်အတူ လာလီဂါ ၄ ပွဲကစားပြီးချိန် တစ်ဂိုးသာ သွင်းယူပေးထားနိုင်ပေမယ့် နည်း ပြ ကိုးလ်မန်းကတော့ - “ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် တစ်စုံတရာ သံသယမရှိပါဘူး။အခုချိန်မှာ သူ့ စွမ်းဆောင် ရည်က တိုးတက်လာမှာပါ။တစ်နေ့ပြီးတစ်နေ့ကို အခြေခံရင်း အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘောလုံး ကို ပျော်ပျော်ရွှင်ရွှင် ကစားလာနိုင်မယ်လို့ ယုံပါတယ်။”လို့ ဆိုပါတယ်။

ယခုနှစ်က မက်ဆီရဲ့ ဘာစီလိုနာမှာ နောက်ဆုံးနှစ်လို့ ဆိုလို့ရပြီး ယခုနှစ်မှာလည်း မက်ဆီနဲ့ရော်နယ်ဒိုတို့ ၂၀၁၅ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်မှာ ပြန်လည်တွေ့ဆုံဖို့ ရှိနေပါတယ်။

ယနေ့မှာတော့ အုပ်စုတွင်း အဖွင့်ပွဲစဥ်အဖြစ် ဘာစီလိုနာအသင်းဟာ ဟန်ဂေရီကလပ် ဖရန်ဗဲလ်ရက်စ်အသင်းနဲ့ စတင် ကစားရဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက ရေပန်းမစားပေမယ့်လည်း ချန်ပီယံဆုကို ဆွတ်ခူး နိုင်တယ်လို့ နယ်သာလန်နည်းပြဟောင်းကိုးလ်မန်းက ဆက်လက်ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က