မိုဗစ်ဟာ လက်ရှိ အေစီမီလန်အသင်းနှင့်အတူ ၂ပွဲကစားပြီး ၄ဂိုးသွင်းယူထားနိုင်ပါပြီ။
Kyaw Ko Ko Sint

မိုဗစ်ဟာ လက်ရှိကစားနေတဲ့ မီလန်အသင်းနှင့်အတူ စီးရီးအေဆုဖလားကို ၂၀၁၁ခုနှစ်က ပိုင်ဆိုင်ခဲ့ဖူးပြီး လက်ရှိ အသက် ၃၉ အရွယ်မှာလည်း ၂ပွဲကစားပြီးချိန် ၄ဂိုးထိသွင်းယူထားနိုင်ပါတယ်။

အီတလီ ဘောလုံးရပ်ဝန်းမှာ အီဗရာဟီမိုဗစ်ရဲ့ ပုံရိပ်က ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုထက် ပိုမို ကြီးမား ကြောင်း အေစီမီလန်နှင့်ဂျူဗင်တပ်စ် နည်းပြ‌ဟောင်း အဲလ်ဘာတို ဇက်ချီရိုနီက ဆိုပါတယ်။

အသက် ၃၉နှစ်အရွယ် မိုဗစ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြီး အေစီမီလန်အသင်းနဲ့ ပြန်လည်လက်တွဲ ခဲ့ရာမှာ ၂၀၁၉-၂၀ ဘောလုံးရာသီ ဒုတိယအကျော့ တစ်ခုလုံး ပွဲ၂၀ တိတိကစားပါတယ်။

သွင်းဂိုးကလည်း ၁၁ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ယခုနှစ်ရာသီမှာတော့ ကိုဗစ်ကြောင့် နားနေရသည့်တိုင် အေစီမီ လန်နဲ့ ၂ပွဲသာ ကစားပြီးချိန် သွင်းဂိုးက ၄ဂိုးအထိရရှိထားနှင့်ပြီလည်း ဖြစ်ပါတယ်။

မိုဗစ်အနေနဲ့ ကစားသမားဘဝရဲ့ အကောင်းဆုံး အသက်အရွယ်ကို ပိုင်ဆိုင်ခဲ့ချိန်လောက်မှာ အေစီမီလန်အသင်းနဲ့ ၂နှစ် လက်တွဲခဲ့ဖူးပြီး ၂၀၁၁ခုနှစ်မှာတော့ စီးရီးအေ ဆုဖလားကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

လက်ရှိအချိန် မီလန်ကို ပြန်ရောက်လာချိန်မှာတော့ ၂၀၁၈ခုနှစ်က ရီးရဲကနေ ဂျူဗင်တပ်စ်ကို ပြောင်းလာတဲ့ ရော် နယ်ဒိုနဲ့ အားပြိုင်နေရပါတယ်။

ရော်နယ်ဒိုက ၂၀၁၈ခုနှစ်ကပြောင်းရွှေ့လာပြီးနောက် ကလပ်အသင်းအတွက် ၉၁ပွဲမှာ ၆၈ဂိုးအထိ သွင်းယူပေး ထားနိုင်ပါပြီ။

“ကျွန်တော့်ဘဝမှာ တကယ့် ချန်ပီယံတွေကို တာဝန်ယူခဲ့ဖူးပါတယ်။ဘီယာဟော့ဖ်ကစပြီး အက်ဒရီယာနိုအဆုံး တာဝန်ယူခဲ့ဖူးပေမယ့် မိုဗစ်ကို မလေ့ကျင့်ပေးနိုင်ခဲ့တာကတော့ နောင်တရမဆုံးပါပဲ။အခုထိ နားမလည်တာ တစ်ခုကလည်း သူဘာလို့ ဘလွန်းဒီအောဆု မရတာလဲဆိုတာပါပဲ။အီတလီမှာဆိုရင် သူက ရော်နယ်ဒိုထက်ပိုပြီး လူငယ်တွေရဲ့ အတုယူမှုကို ရပါတယ်။”လို့ အဲလ်ဘာတိုက ဆိုပါတယ်။

လက်ရှိမှာတော့ အေစီမီလန်အသင်းဟာ ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူစီးရီးအေကို ဦးဆောင်နေပြီး အံ့အားသင့်ဖွယ် စွမ်းဆောင်ပြထားတဲ့ ဆာဆူအိုလိုထက် ၂မှတ်အသာနဲ့ ဦးဆောင်နေတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က