ယနေ့ညမှာ ကစားမှာပါ။
Kyaw Ko Ko Sint

ပေါ့ဂ်ဘာကတော့ ယူနိုက်တက်ကနေ ထွက်ခွာမယ့် သတင်းတွေ ကြီးနေသူ တစ်ဦး ဖြစ်ပြီး လက်ရှိမှာလည်း ရီးရဲ၊ ဘာစီလိုနာတို့နဲ့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ရင်ဆိုင်ကစားရမယ့် ယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလို့ ပီအက်စ်ဂျီနည်းပြ တူချယ်က ချီးကျူး စကား ဆို လိုက်ပါတယ်။

“ပေါ့ဂ်ဘာက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးပါ။ဒါကြောင့်ပဲ သူ့ကို ရပ်တန့်ဖို့ မလွယ်ကူနိုင် တာပါ။”လို့ တူချယ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် အခြားကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ကလည်း ကြောက်စရာကောင်းလောက်တဲ့ ဘော လုံးပေးပို့မှုတွေကို ပြုလုပ်နိုင်စွမ်းရှိသူ ဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ဥရောပမှာ တိုက်စစ်ကို ကူးပြောင်းနိုင်စွမ်းအ ကောင်းဆုံး အသင်းတစ်သင်းဖြစ်နေတယ်လို့ တူချယ်က ဆိုပါသေးတယ်။

ဒါကြောင့် ယူနိုက်တက်နှင့်တွေ့ဆုံချိန်မှာ ပြိုင်ဖက်ရဲ့ တန်ပြန် တိုက်စစ်တွေကို သတိထား ဖျက်ထုတ်နိုင်ဖို့ ကြိုး စားရမယ်လို့လည်း တူချယ်က သုံးသပ်ပါတယ်။

“ဘောလုံးရဖို့ လိုပါတယ်၊ပြီးရင် ဘောလုံးကို ကိုင်ကစားနိုင်ဖို့ လိုပါတယ်၊ကောင်းကောင်း ထိုးစစ်ဆင် ကစားချင်ပါ တယ်။”လို့ တူချယ်က ဆိုပါတယ်။

ယူနိုက်က်တက်နှင့် ပီအက်စ်ဂျီအသင်းတို့ဟာ ၂၀၁၉ခုနှစ်တုန်းကလည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး အဲ့ တုန်းက ပီအက်စ်ဂျီက ယူနိုက်တက် အိမ်ကွင်းမှာ ၀-၂နဲ့ နိုင်ပြီးမှ အိမ်ကွင်းမှာ ၁-၃ နဲ့ ပြန်ရှုံးလို့ အဝေးဂိုး စည်းမျဥ်း နဲ့ ယူနိုက်တက် နောက်တစ်ဆင့် တက်ခဲ့ပါတယ်။


Author


က္က