အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် အဝေးကွင်း ၁ဝပွဲဆက် အနိုင်ရရှိခဲ့တာပါ။
Pyae Phyo Thein

၂၀၁၈-၁၉ ဘောလုံးရာသီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ပီအက်စ်ဂျီကို နောက်ဆုံးမိနစ်ပယ်နယ်တီနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ပွဲစဉ်ကိုလည်း ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ 


ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၁-၂ နဲ့ အံ့အားသင့်ဖွယ်ရာအနိုင်ယူခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံအဝေးကွင်း ၁ဝပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ကလပ်အသင်းသမိုင်းမှာ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပဲရစ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ ယူနိုက်တက်က နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အောက်အသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ ပွဲချိန်နှောင်းပိုင်းသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ ၂၀၁၈-၁၉ ဘောလုံးရာသီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ပီအက်စ်ဂျီကို နောက်ဆုံးမိနစ်ပယ်နယ်တီနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ပွဲစဉ်ကိုလည်း ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ 


ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပထမတစ်ကြိမ်မှာတော့ ပယ်နယ်တီမဝင်ခဲ့ပေမယ့်လည်း ကေလာနာဗက်စ်က ဘောလုံးမကန်ရသေးခင် ရှေ့ထွက်နေခဲ့လို့ ကွင်းလယ်ဒိုင်က ပြန်လည်ကန်သွင်းစေခဲ့ပြီး ဖာနန်ဒက််စ်က ပထမတစ်ကြိမ်ကလို အမှားမရှိအောင် ကန်သွင်းယူကာ ဦးဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီဦးဆောင်မှုဟာ မာရှယ်ရဲ့ ကိုယ့်ဂိုးကိုယ်ခေါင်းတိုက်သွင်းခဲ့မှုကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။ 

ပီအက်စ်ဂျီက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ဘတ်ပီ၊ နေမာတို့ရဲ့ ဦးဆောင်မှုတွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ အပိုင်ကန်သွင်းချက်တွေကို ဒီဂီယာက လက်စွမ်းပြကာကွယ်သွားခဲ့လို့ ဂိုးရဖို့ အလှမ်းဝေးခဲ့ရတဲ့ ပီအက်စ်ဂျီဟာ တန်ပြန်တိုက်စစ်ကတဆင့် ရက်ရှ်ဖို့ဒ်ရဲ့ အနိမ့်ဘောကန်သွင်းချက်ကို ခွင့်ပြုခဲ့ရပြီး အိမ်ကွင်းမှာပဲ အရေးနိမ့်သွားခဲ့ရပါတယ်။ 

Goal.com ရဲ့ ဖော်ပြမှုမှာ ယူနိုက်တက်ရဲ့ အဝေးကွင်း ၁ဝပွဲဆက်နိုင်ပွဲရရှိမှုမှာ နော်ဝှစ်ချ်၊ ဘရိုက်တန် (၃ ပွဲ)၊ ဗီလာ၊ ပဲလေ့စ်၊ လက်စတာ၊ လူတန်တောင်း၊ နယူးကာဆယ်နဲ့ ပီအက်စ်ဂျီတို့ဖြစ်ကာ အသင်းသမိုင်းမှာ အခုလို ၁ဝပွဲဆက်အနိုင်ရတာက ပထမဆုံးအကြိမ်လည်းဖြစ်လာခဲါပတယ်။ ပီအက်စ်ဂျီက ဂိုးပေါက်တည့်မှု၊ ဘောလုံးပိုင်ဆို်င်မှုတွေမှာ သာလွန်ခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်ကစားပုံအောက်မှာပဲ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ 


Author


က္က