၂၀၁၈-၁၉ ဘောလုံးရာသီက ဒီနှစ်သင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့ပြီး ယူနိုက်တက်က အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး အဝေးကွင်းမှာ ၃-၁ နဲ့ ပြန်လည်အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီကို အခုတစ်ကြိမ်အနိုင်ရရှိခဲ့မှုဟာ ပြီးခဲ့တဲ့တစ်ကြိမ်က နိုင်ပွဲထက်ပိုမိုပြီးတော့ ကောင်းမွန်တယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီက ဒီနှစ်သင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့ပြီး ယူနိုက်တက်က အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး အဝေးကွင်းမှာ ၃-၁ နဲ့ ပြန်လည်အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အဆိုပါပွဲဟာ ဆိုးလ်ရှားကို ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ်ရောက်ရှိစေခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ယာယီနည်းပြဘဝနဲ့ အသင်းကို ကိုုင််တွယ်ခဲ့ချိန်မှာ ဆိုးလ်ရှားက အံ့အားသင့်ဖွယ်ရာ သမိုင်းဝင်နိုင်ပွဲကို ယူနိုင်ခဲ့ပြီး အခုတစ်ကြိမ်မှာလည်း ပီအက်စ်ဂျီကို အဝေးကွင်းမှာ ထပ်မံအနိုင်ယူပြခဲ့ကာ ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် အံ့အားသင့်စေခဲ့ပြီဖြစ်ပါတယ်။
"အခုတစ်ကြိမ် စွမ်းဆောင်ရည်က ပိုပြီးတော့ကောင်းမွန်ပါတယ်၊ နောက်ဆုံးတစ်ကြိမ်မှာ ၃-၁ နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ဒီပွဲက ပိုပြီးကောင်းပါတယ်၊ တကယ်ကို ထူးခြားဆန်းပြားတဲ့ခံစားချက်ပါ၊ အုပ်စုအဆင့်တွေစတင်နေခဲ့ပြီးတော့ ရှုံးထွက်အဆင့်မှာ သူတို့နဲ့ နောက်ဆုံးအဖြစ် ကျွန်တော်တို့ ကစားခဲ့ရတာပါ၊ ပရိသတ်တွေမရှိခဲ့လို့ စိတ်ပျက်ခဲ့ရပေမယ့်လည်း ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်"
ယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့်ဒ်ကတော့ "နိုင်ပွဲရဖို့ နှစ်သင်းလုံးမှာ အခွင့်အရေးရှိခဲ့ပါတယ်၊ တိုက်စစ်မှူးတစ်ဦးအနေနဲ့ နောက်ဆုံးအချိန်မှာ ဂိုးသွင်းနိုင်တယ်ဆိုတာက စိတ်အားထက်သန်မှုကြောင့်ပါပဲ၊ အခွင့်အရေးတစ်ကြိမ်ပဲ ရနိုင်တယ်ဆိုရင်တောင်မှ အဲဒါက ကျွန်တော်တို့အတွက် ရမှတ် ၃ မှတ်ဖြစ်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။