မက်ဂွိုင်းယားနဲ့ ဘိုင်ယီတို့ မပါဝင်ခဲ့တဲ့ အသင်းမှာ ဆိုးလ်ရှားက တွန်ဇီဘီကို လင်ဒီလော့ဖ်နဲ့ တွဲဖက်ပေးခဲ့ကာ နေမာ၊ ဘတ်ပီ နဲ့ ဒီမာရီယာတို့ရဲ့ တိုက်စစ်ကို ရင်ဆို်င်စေခဲ့ပြီး အဆိုပါကစားသမားတွေအားလုံး ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။
ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ကိုင်လီယန်ဘတ်ပီကို အကောင်းဆုံးထိန်းချုပ်ပြနိုင်ခဲ့ပြီးနောက် တွန်ဇီဘီဟာ အသင်းပရိသတ်တွေအပြင် အခြားသောပရိသတ်တချို့ရဲ့ ချီးကျူးမှုတွေကိုပါ ရရှိခဲ့ပါတယ်။ တွန်ဇီဘီက သူ့ရဲ့အိတ်ကပ်ထဲမှာ ဘတ်ပီကို ထည့်ထားခဲ့တယ်လို့ တင်စားပြောဆိုနေခဲ့ကြပြီး ယူနိုက်တက်နောက်ခံလူရဲ့ ခြေစွမ်းအပေါ် အံ့အားသင့်နေခဲ့ကြပါတယ်။
တွန်ဇီီဘီဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး ယူနိုက်တက်အတွက် မကစားပေးခဲ့တာ ၁၀ လအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ မက်ဂွိုင်းယားနဲ့ ဘိုင်ယီတို့ မပါဝင်ခဲ့တဲ့ အသင်းမှာ ဆိုးလ်ရှားက တွန်ဇီဘီကို လင်ဒီလော့ဖ်နဲ့ တွဲဖက်ပေးခဲ့ကာ နေမာ၊ ဘတ်ပီ နဲ့ ဒီမာရီယာတို့ရဲ့ တိုက်စစ်ကို ရင်ဆို်င်စေခဲ့ပြီး အဆိုပါကစားသမားတွေအားလုံး ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။
အခြားတစ်ဦးကလည်း "ဒီနေ့ညမှာ နေမာနဲ့ ဘတ်ပီတို့ တိတ်ဆိတ်နေအောင်ကို သူလုပ်နိုင်ခဲ့တာပဲ" လို့ ပြောဆိုခဲ့ကာ နောက်ထပ်တစ်ဦးက "သူက ယူနိုက်တက်ရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးဆိုတာ ဒီနေ့ညမှာ ပြသခဲ့တာပဲ၊ နေမာနဲ့ ဘတ်ပီတို့လိုကစားသမားတွေကို ထိန်းချုပ်နေခဲ့ရတာဖြစ်ပြီး ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။