ယနေ့ညမှာ အက်သလက်တီကိုနဲ့ ကစားရပါမယ်။

ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ၁၉၇၃ မှ ၇၆ အထိ ၃နှစ်ဆက် ရယူထား ဖူးတဲ့ အစဥ်အလာ ရှိပါတယ်။

လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ယခုနှစ်ပြိုင်ပွဲက အင်မတန် ခက်ခဲတယ်လို့ ဘိုင်ယန်မြူးနစ်အသင်း နည်းပြချုပ် ဖလစ်ခ်က ထုတ်ဖော်ပြောလာပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ယနေ့ညမှာတော့ ၂၀၂၀-၂၁ ဘောလုံးရာ သီ ချန်ပီယံလိဂ် ပြိုင်ပွဲ အဖွင့်ပွဲအဖြစ် အက်သလက်တီကိုအသင်းနဲ့ ကစားရပါမယ်။

“အခုချိန်မှာ တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်ရမှာပါ၊အသင်းတိုင်းမှာ အားနည်းချက်၊အားသာချက် ကိုယ်စီရှိပြီး ကျွန် တော်တို့အနေနဲ့ မနှစ်ကနဲ့ ဘယ်လိုမှ မတူညီနိုင်တော့ပါဘူး။”လို့ ဖလစ်ခ်က ပြောပါတယ်။

ဘိုင်ယန်အသင်းအနေနဲ့ ချန်ပီယလိဂ်ပြိုင်ပွဲမတိုင်မီ တစ်သင်းလုံးစုံညီပြီး လေ့ကျင့်ခန်းကို တစ်ပတ်သာ လေ့ကျင့် ထားနိုင်ပြီး ဒါပေမယ့်အခုချိန်မှာ အရေးကြီးဆုံးက ဒဏ်ရာကင်းစင်နေပြီး အားလုံး စည်းလုံးနေဖို့ပဲ လိုတယ်လို့ လည်း ဖလစ်ခ်က ဆိုပါတယ်။

အက်သလက်ကတော့ မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျာမနီ ကလပ် လိုက်ဇစ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲ က ထွက်ခဲ့ရလို့ နှစ်ကြိမ်ဆက် ဂျာမနီကလပ်တွေကို ရှုံးနိမ့်မှု အဖြစ်အောင် ကြိုးစားလာမှာပါ။

ဒါ့အပြင် အသစ်ခေါ်ထားတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ခြေစွမ်းပြနေပြီး ၃ပွဲ ၃ဂိုးသွင်းထားတာကလည်း အားကိုး ချင်စရာ ဖြစ်နေပါတယ်။

ဘိုင်ယန်ကတော့ မနှစ်က ဆုဖလား ၃ခု ပိုင်ဆိုင်ခဲ့ပေမယ့် အဓိက ကစားသမားအချို့ ဖြစ်တဲ့ အယ်လ်ကန်တာရာ၊ ကော်တင်ဟိုတို့ အသင်းက ထွက်ခွာသွားလို့ လူအင်အား အနည်းငယ်တော့ လျော့နည်းသွားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က