နောက်ဆုံး တွေ့ဆုံထားတဲ့ ၂ကြိမ်စလုံး မန်စီးတီး နိုင်ထားပါတယ်။

ပေါ်တိုအသင်းဟာ အင်္ဂလန်ကလပ်အသင်းတွေနဲ့ ဥရောပအဆင့် ပြိုင်ပွဲတွေမှာ တွေ့ဆုံထားတဲ့အဝေးကွင်းပွဲစဥ် ၂၁ ပွဲမှာ ၃ပွဲသရေကျပြီး ကျန်ပွဲအားလုံးရှုံးနိမ့်ကာ နိုင်ပွဲလုံးဝမရထားဖူးတဲ့ မှတ်တမ်းဆိုးရှိနေလို့ ယခုတစ်ကြိမ် မန်စီးတီးနဲ့ အဝေးကွင်း ပွဲစဥ်ကလည်း ခက်ခဲနေဦးမလား၊ပထမဆုံး နိုင်ပွဲ ဆောင်ကြဥ်းနိုင်မလားဆိုတာ စိတ်ဝင် စားဖို့ ကောင်းပါတယ်။

ပေါ်တိုအသင်းဟာ ယနေ့ညမှာတော့ အင်္ဂလန် ကလပ် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဥ် အဖြစ် ကစားဖို့ ရှိနေပါတယ်။



ပေါ်တိုအသင်းအတွက်တော့ အင်္ဂလန်မြေဟာ ကျိန်စာသင့်နေတဲ့အလား နိုင်ပွဲ မဖန်တီးထားနိုင်တဲ့ အရိပ်ဆိုး ရှိနေ ပါတယ်။

ဥရောပ အဆင့် ပြိုင်ပွဲတွေမှာ ပေါ်တိုအသင်းဟာ အင်္ဂလန်အသင်းအသင်းတွေကို အဝေးကွင်း သွားရောက် ရင်ဆိုင် ထားတဲ့ ၂၁ကြိမ်မှာ ၃ကြိမ်သရေကျပြီး ကျန်ပွဲအားလုံး ရှုံးနိမ့်ထားပါတယ်။

ဒါကြောင့် ယခုတစ်ကြိမ် မန်စီးတီးနဲ့ အဝေးကွင်းပွဲစဥ်ဟာလည်း ဆက်လက် ရှုံးပွဲကြုံဦးမှာလား ပထမဆုံး အင်္ဂလန် မြေက နိုင်ပွဲကို ဆောင်ကြဥ်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ပေါ်တိုအတွက် နောက်ထပ် ခြောက်လှန့်နေတဲ့ ပုံရိပ်ဆိုးကတော့ နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ၄ရပ် စလုံးရဲ့ အဖွင့်ပွဲတွေကို အနိုင်မရထားတာပါ။

ဒီအချက်ကလည်း ပေါ်တိုအသင်းဟာ ချန်ပီယံလိဂ်မှာ အစမကောင်းတတ်တဲ့ အစဥ်အလာ ရှိနေတာကို ဖော်ပြနေ ပြီး တစ်ဖြေးဖြေးချင်းမှပဲ ရလဒ်ကောင်းတွေရတတ်တာကိုလည်း လေ့လာနိုင်ပါတယ်။

နောက်ဆုံးကစားထားတဲ့ အုပ်စုပွဲစဥ် ၁၆ပွဲကို ခြုံကြည့်လိုက်မယ်ဆိုရင် ၂ပွဲသာ ရှုံးနိမ့်ထားပြီး ၁၁ပွဲနိုင်ကာ ၃ ပွဲသရေ ကျထားပါတယ်။

မန်စီးတီးအသင်းနဲ့ တွေ့ဆုံထားတဲ့ မှတ်တမ်းအရလည်း ၂၀၁၁-၁၂တုန်းက နှစ်ကြိမ်တွေ့ဆုံထားရာမှာ ၂ကြိမ်စလုံး အရေးနိမ့်ထားပြီး မန်စီးတီး အိမ်ကွင်းမှာ ၄ဂိုးပြတ်အရေးနိမ့်မှုကလည်း ယခုတွေ့ဆုံမှုကို ခြောက်လှန့်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က