နေမာနဲ့ ထိခိုက်ခဲ့မိပြီး အမြင်အာရုံကို အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ယူနိုက်တက်က အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်တော်မီနေးဟာ နေမာနဲ့ ထိခိုက်မိခဲ့ပြီး မျက်စိတစ်ဖက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တာလို့လည်း သိရပါတယ်။ 


ပီအက်စ်ဂျီနဲ့ကစားခဲ့ရတဲ့ပွဲစဉ်မှာ ကွင်းလယ်လူမက်တော်မီနေးဟာ မျက်စိတစ်ဖက်မမြင်ခဲ့ဘဲနဲ့ ပထမပိုင်းကို ကစားခဲ့ရတယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်က အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်တော်မီနေးဟာ နေမာနဲ့ ထိခိုက်မိခဲ့ပြီး မျက်စိတစ်ဖက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တာလို့လည်း သိရပါတယ်။ 

မက်တော်မီနေးဟာ ယူနိုက်တက်ကွင်းလယ်မှာ ဖရက်ဒ်၊ ဖာနန်ဒက်စ်တို့နဲ့အတူ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ ပေါ့ဂ်ဘာ၊ မာတစ်နဲ့ ဗန်ဒီဘိခ်တို့ကို ဆိုးလ်ရှားက အရန်လူစာရင်းထဲမှာသာ ထားရှိခဲ့ပြီး မက်တော်မီနေးရဲ့ ခြေစွမ်းက စိတ်ကျေနပ်ဖွယ်ရာ ရှိနေခဲ့ကာ ဖရက်ဒ်နဲ့ အတွဲအဖက်ညီညီကစားနိုင်ခဲ့ပါတယ်။ 

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက သတင်းထောက်တွေကို ပြောဆိုခဲ့ရာမှာတော့ "မက်တော်မီနေးက ပထမပိုင်းကို မျက်စိတစ်ဖက်သာမြင်ရပြီးတော့ ကစားခဲ့ရတာပါ၊ အရမ်းကို အထင်ကြီးစရာကောင်းတဲ့ကစားသမားပါ၊ ဘာလို့လဲဆိုတော့ သူ့မျက်စိက ပုံရိပ်တွေကို မပီမပြင်ပဲ မြင်တွေ့ခဲ့ရလို့ပါ၊ ဒီလိုအနေအထားနဲ့ သူ ကစားသွားခဲ့တာပါ" လို့ ဆိုပါတယ်။ 

အဆိုပါအဖြစ်အပျက်ဟာ သတိထားမိခဲ့ခြင်းမရှိခဲ့ဘဲ ဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုခဲ့မှသာ သိရှိရတာလည်းဖြစ်ပါတယ်။ နေမာနဲ့ ဘောလုံးချင်းယှဉ်အလုမှာ မက်တော်မီနေးရဲ့ ညာမျက််လုံးအတွင်းထဲထိ နေမာရဲ့ လက်က ရောက်ရှိခဲ့ဖွယ်ရှိကာ အမြင်အာရုံကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ ယူဆရပြီး ဒုတိယပိုင်းမှာတော့ ပြန်လည်ကောင်းမွန်သွားခဲ့ပါတယ်။ 

အဆိုပါပွဲကိုတော့ ယူနိုက်တက်က အနိုင်ရရှိခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က ပွဲချိန်နှောင်းပိုင်းမှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ အုပ်စုတွင်းအဓိကပြိုင်ဘက်ကို အနိုင်ရရှိခဲ့တာကြောင့် အခွင့်အရေးကောင်းကို ဖန်တီးထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က