ဘာကာ၊ အေတီကိုတို့နဲ့အတူ ဂိုးပြတ်ရှုံးပွဲတွေ ဆက်တိုက်တွေ့ကြုံခဲ့ရတာပါ။
Pyae Phyo Thein

ဘာစီလိုနာတိုက်စစ်မှူးဟောင်းဆွာရက်ဇ်လည်း ပါဝင်ကစားပေးခဲ့ပြီး သိပ်မကြာတဲ့ကာလအတွင်းမှာပဲ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးပွဲတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေရဲ့ ဒုတိယမြောက်နေ့မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဓိကကစးသမားတစ်ဦးဖြစ်တဲ့ နာဘရီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားလို့ ကစားနိုင်ခြင်းမရှိချိန်မှာ ကင်စလေကိုးမန်းက ခြေစွမ်းပြပြီး ၂ဂိုးအထ်ိသွင်းယူခဲ့ပါတယ်။ 

ဆီမြွန်နီရဲ့ အသင်းဟာ အဝေးကွင်းမှာ ဘိုင်ယန်ကို ခုခံကစားနိုင်ခြင်းမရှိခဲ့ဘဲနဲ့ ဂိုးတွေအများကြီးပေးခဲ့ရပါတယ်။ ကိုးမန်းက ၂ဂိုး၊ ဂေါ်ရက်ဇ်ကာ နဲ့ တိုလစ်ဆိုတို့က တစ်ဂိုးစီ အသီးသီးသွင်းယူခဲ့ကြကာ ဘိုင်ယန်မြူးနစ်တို့ အုပ်စုအတွင်း အဓိကပြိုင်ဘက်ကို အနိုင်ယူခဲ့သလို လက်ရှိချန်ပီယံရဲ့ ဂုဏ်သိက္ခာကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဆွာရက်ဇ်လည်း ပါဝင်ကစားပေးခဲ့ပြီး သိပ်မကြာတဲ့ကာလအတွင်းမှာပဲ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးပွဲတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာနဲ့အတူ ဘိုင်ယန်ကို ၈-၂နဲ့ အရေးနိမ့်ခဲ့တဲ့ ဆွာရက်ဇ်ဟာ မနေ့ညကပွဲမှာလည်း ၄ ဂိုးပြတ်နဲ့ ထပ်မံအရေးနိမ့်ခဲ့ပြီး သူ့အတွက်တော့ အဆိုးရွားဆုံးအခိုက်အတန့်တွေဖြစ်လာခဲ့ပါတယ်။

ဆွာရက်ဇ်အတွက်လည်း ဘိုင်ယန်မြူးနစ်က နတ်ဆိုးတစ်ပါးနှယ်ဖြစ်နေခဲ့ပြီး လအနည်းငယ်အတွင်းမှာပဲ ကြီးမားတဲ့ရှုံးပွဲတွေနဲ့ သောကတွေကို ဘိုင်ယန်က ပေးနေခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ၇၆ မိနစ်သာ ကစားပေးခဲ့ရပြီး လူစားလဲလှယ်ခံခဲ့ရကာ အသင်းဂိုးရရှိအောင်လည်း မတတ်သာခဲ့ဘဲ အက်သလက်တီကိုကစားသမားဘဝ ချန်ပီယံလိဂ်ပထမဆုံးပွဲကတော့ ဆိုးရွားတဲ့ရှုံးနိမ့်မှုသာ ဖြစ်လာခဲ့ရပါတော့တယ်။ 

ဆွာရက်ဇ်ကတော့ လာလီဂါမှာ အက်သလက်တီကိုမက်ဒရစ်အတွက် ၃ ဂိုးသွင်းယူပေးထားပြီး ဦးစားပေးတိုက်စစ်မှူးအဖြစ် ပါဝင်ကစားခွင့်ရနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာကာနဲ့ ဘိုင်ယန်တို့ ရင်ဆိုင်ခဲ့ရပြီး ဘာစီလိုနာက သမိုင်းဝင်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ ဆွာရက်ဇ်အတွက် ဘာကာကစားသမားဘဝမှာ အဆိုးရွားဆုံးရှုံးပွဲဖြစ်ခဲ့ပြီး လက်ရှိအေတီကိုကစားသမားဘဝမှာလည်း အဆိုးရွားဆုံးရှုံးပွဲကို ဘို်င်ယန်နဲ့ပွဲမှာပဲ စတင်ရရှိခဲ့တာဖြစ်ပါတယ်။ 


Author


က္က