သတင်းစာရှင်းလင်းပွဲအလာမှာ ID ကဒ် မေ့ကျန်ခဲ့တာပါ။
Pyae Phyo Thein

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဆန်စီရိုကွင်းလုံခြုံရေတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး Mask တပ်ဆင်ထားတဲ့ သူ့ကို လုံခြုံရေးဝန်ထမ်းက မျက်နှာချွတ်ပြစေခဲ့ပါတယ်။


မိုချန်ဂလာဘတ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား မားကပ်စ်သူရမ်ဟာ အင်တာမီလန်န်ဲ့ကစားရမယ့် ပွဲစဉ်အတွက် ကွင်းအတွင်းဝင်ခဲ့ရာမှာတော့ ID မေ့ကျန်ရစ်ခဲ့ပြီးနောက် လုံခြုံရေးတွေရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး သူ ဘယ်သူလဲဆိုတာကို Google ကတဆင့် ရှာဖွေပြသကာ သက်သေထူခဲ့ရတယ်လို့ သိရပါတယ်။ 

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဆန်စီရိုကွင်းလုံခြုံရေတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး Mask တပ်ဆင်ထားတဲ့ သူ့ကို လုံခြုံရေးဝန်ထမ်းက မျက်နှာချွတ်ပြစေခဲ့ပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးဝန်ထမ်းက သူ ဘယ်သူလဲဆိုတာကို မသိခဲ့တဲ့အတွက် သူရမ်ဟာ သူ့ရဲ့မိုဘိုင်းဖုန်းဖွင့်ကာ Google ကတဆင့် သူ့ရဲ့ ကစားသမား Profile နဲ့ ဓာတ်ပုံတွေကို ပြသခဲ့ရတာဖြစ်ပါတယ်။ 

ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ နောက်ခံလူလီလီရမ်သူရမ်ရဲ့ သားဖြစ်တဲ့ မားကပ်စ်သူရမ်ကတော့ မိုချန်ဂလာဘတ်မှာ တိုက်စစ်ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပါတယ်။ အင်တာမီလန်နဲ့အဝေးကွင်းပွဲအဖြစ် မိုချန်ကကစားခဲ့ရတာဖြစ်ပြီး တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ကာ မိုချန်က သူရမ်ကြောင့် ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပါသေးတယ်။ 

Google ကတဆင့် သူ့ရဲ့ ဓာတ်ပုံတွေကို ပြသခဲ့ပြီးနောက်မှာ မားကပ်စ်သူရမ်က ဝင်ခွင့်ရရှိခဲ့ပြီး အသင်းနည်းပြနဲ့မာကိုရို့စ်နဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ သူရမ်အတွက်လည်း ကစားသမားဘဝမှာ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး အခုလိုမျိုး ဖြစ်ပျက်ခဲ့မှုကလည်း သူ့အတွက် အမှတ်တရအဖြစ်ရှိလာခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 

သူရမ်ဟာ လုံခြုံရေးကို သူက ဂလာဘတ်ကစားသမားဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတက်ရောက်ဖို့အတွက်လို့ ပြောဆိုခဲ့ပေမယ့်လည်း လက်သင့်မခံတဲ့အဆုံးမှာ Google ကို ဖွင့်ပြခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကတော့ ပရိသတ်တွေကြားမှာ ရယ်မောချင်စရာဇာတ်လမ်းတစ်ပုဒ်အဖြစ်နဲ့လည်း ရှိလာခဲ့ပါတယ်။ 


Author


က္က