လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲခံနေရပြီး ဘာကာက တရားစွဲဖို့ စီစဉ်နေပါတယ်။

ဘာစီလိုနာအသင်းဖော်ဂရစ်မန်းကလည်း စိတ်မကောင်းဖြစ်နေပြီး သူ့ရဲ့အသင်းဖော်ဟာ ဒီထက်မကတဲ့ လေးစားမှုကိုရရှိသင့်တယ်လို့ တွစ်တာကတဆင့်ရေးသားပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။


ဖီရန်ဗားရို့စ်အသင်းကို ဘာစီလိုနာက ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြကစားပြီး ဂိုးသွင်းခဲ့တဲ့ လူငယ်တိုက်စစ်မှူးအန်ဆူဖာတီဟာ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ ABC ရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ စပိန်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ကစားနေတဲ့ ဖာတီရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ရာမှာ အသုံးအနှုန်းရွေးချယ်မှုမှားယွင်းခဲ့တာလည်းဖြစ်ပါတယ်။ 



အန်ဆူဖာတီကို ရဲလိုက်ဖမ်းလို့ ထွက်ပြေးရတဲ ့မှောင်ခိုစျေးရောင်းသူတစ်ဦးရဲ့ လျင်မြန်ခြင်းမျိုးဖြစ်တယ်လို့ ABC သတင်းစာက ခို်င်းနှိုှု်င်းရေးသားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာမြို့ရဲ့ စီးပွားရေးအချက်အချာကျရနေရာနဲ့ စျေးဆိုင်တွေနဲ့ စည်ကားရာ Paseo de Gracia ဧရိယာအတွင်းက တရားမဝင်စျေးရောင်းသူတွေရဲ့ အဖြစ်သနစ်နဲ့ နှိုင်းယှှဉ်ခဲ့တာဖြစ်ပြီး အဆိုပါလူတွေကတော့ များသောအားဖြင့် ခိုးဝင်သူတွေနဲ့ လူမည်းတွေဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ABC သတင်းဌာနရဲ့ရေးသားခဲ့မှုဟာ လူမျိုးရေးခွဲခြားမှု၊ အဆင့်အတန်းခွဲခြားမှုတွေပါဝင်နေခဲ့တယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘာစီလိုနာအသင်းဖော်ဂရစ်မန်းကလည်း စိတ်မကောင်းဖြစ်နေပြီး သူ့ရဲ့အသင်းဖော်ဟာ ဒီထက်မကတဲ့ လေးစားမှုကိုရရှိသင့်တယ်လို့ တွစ်တာကတဆင့်ရေးသားပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ABC သတင်းဌာနက "အန်ဆူက စစ်မှန်တဲ့တိုက်စစ်မှူးတစ်ဦးပုံစံနဲ့ ဂိုးတွေသွင်းပြနိုင်ဖို့ နီးစပ်ခဲ့ပါတယ်၊ သူ့ရဲ့ ခန္ဓာကိုယ်အယိမ်းအနွဲ့ကလည်း တကယ်ကိုပြီးပြည့်စုံပါတယ်၊ သူ့ရဲ့ ပြေးတဲ့ပုံစံကလည်း ဂဇဲဆိတ် (သမင်နဲ့တူသော သတ္တဝါ) တစ်ကောင်အတိုင်းပဲ၊ သူ့ကိုမြင်ရတာ မှောင်ခိုစျေးရောင်းတဲ့ လူငယ်တစ်ဦးလိုပဲ၊ Paseo de Gracia အတွင်းမှာ ရဲတွေလာတဲ့အချိန် "ရေ၊ ရေ" လို့ အော်ပြီး ပြေးနေတဲ့ တစ်ယောက်ယောက်ကို တွေ့နိုင်ပါတယ်" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ 

ဒီလိုရေးသားခဲ့မှုအပေါ် ဂရစ်မန်းက "အန်ဆူက ထူးခြားတဲ့ကစားသမာပါ၊ သူ့အနေနဲ့ တခြားသောလူတွေအားလုံးလိုပဲ လေးစားမှုရရှိသင့်ပါတယ်၊ လူမျိုးရေးခွဲခြားမှုနဲ့ မကောင်းတဲ့အမူအကျင့်တွေက မရှိသင့်တော့ပါဘူး" လို့ တွစ်တာက ရေးသားကာတုံ့ပြန်ခဲ့ပါတယ်။ ဘာစိီလိုနာကတော့ သူတို့ရဲ့ ကစားသမားကို စော်ကားတဲ့စကားလုံးတွေနဲ့ သုံးနှုန်းခဲ့တာကြောင့် တရားစွဲဆိုသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ 



က္က