ပရိသတ်တွေကတော့ ဗန်ဒိုက်လို နောက်ထပ် အဓိက ကစားသမားတစ်ဦး ဒဏ်ရာရမှာကို စိုးရိမ်နေကြပါတယ်။

မာနေးဟာ အဲဗာတန်နဲ့သရေကျခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဥ်ပြီးကတည်းက ခြေထောက်ဒဏ်ရာရနေတာလို့ သိရပြီး အေဂျက်နဲ့ပွဲမှာလည်း မိနစ် ၆၀သာ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

အေဂျက်ကို ၁-၀နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့တဲ့ လီဗာပူး တိုက်စစ်မှူး မာနေးအနေနဲ့ ကြံ့ခိုင်မှု အပြည့်အဝ မရှိပဲ ခြေထောက် ဒဏ်ရာရထားနေလျက်နဲ့ ပါဝင်ကစားပေးခဲ့တာလို့ နည်းပြ ကလော့ပ်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။



မာနေးအနေနဲ့ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲအပြီး ကတည်းက ခြေထောက်ဒဏ်ရာရနေခဲ့တာ ဖြစ်ပြီး အေဂျက်နဲ့ပွဲမှာ တော့ မိနစ် ၆၀ အထိ ပါဝင်ကစားပေးခဲ့ပါတယ်။

မိနစ် ၆၀မှာတော့ နည်းပြကလော့ပ်ဟာ တိုက်စစ်မှူး ၃ဦးစလုံး ဖြစ်တဲ့ မာနေး၊ဆာလာနဲ့ဖာမီနိုတို့ ၃ဦးကို တစ်ပြိုင်နက်တည်း လူစားလဲခဲ့ပါတယ်။

လီဗာပူးအသင်းအနေနဲ့ အေဂျက်နဲ့ပွဲမှာ တစ်ဖက်အသင်းရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းမိတဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အဝေးကွင်း နိုင်ပွဲရခဲ့တာပါ။

အသင်းပရိသတ်တွေကတော့ အဓိက နောက်ခံလူ ဗန်ဒိုက်ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူရတော့မှာ ဖြစ်လို့ အသင်းနဲ့ ကာလရှည် ဝေးနေတော့မယ့် အဖြစ်မျိုးနဲ့ နောက်ထပ် အဓိက ကစားသမားတွေကို မြင်တွေ့ရမှာ စိုးရိမ် နေကြတဲ့ အပေါ်မှာလည်း ကလော့ပ်က ဆက်လက်ဆိုပါတယ်။

“မာနေးကတော့ ခြေထောက်ဒဏ်ရာကြောင့် မိနစ်၆၀ပဲ ကစားခဲ့တာပါ။ပွဲအပြီး ခြေထောက်ကို ရေခဲ ကပ်တယ် ဆိုတာလည်း အနည်းငယ် နာကျင်မှုအတွက်ပါ။ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ဒါ့အပြင် အဓိက ကွင်းလယ် လူ ဟန်ဒါဆင်ကိုလည်း ဆေးအဖွဲ့က အကြံပေးချက်အရ ၄၅မိနစ်သာ ကစားဖို့ အဆင်ပြေမယ်လို့ သိရတဲ့ အတွက် ဒုတိယပိုင်းမှသာ အသုံးပြုခဲ့တာပါ။”လို့ ကလော့ပ်က သူ့ ကစားသမားတွေ အခြေအနေကို ပြောပါတယ်။

လီဗာပူးအသင်းအနေနဲ့ တိုက်စစ်မှူး ၃ဦး ထားကစားရတာ ခက်ခဲပေမယ့် လုပ်ဆောင်နိုင်ခဲ့တာနဲ့ ပြိုင်ပွဲအတွင်း လူစားလဲမှု ၅ဦးအထိ ပြုလုပ်နိုင်ခဲ့တဲ့အပေါ်လည်း ကျေနပ်ကြောင်း ကလော့ပ်က ဆက်လက်ဆိုပါတယ်။

လီဗာပူးအသင်းဟာ လာမယ့် စနေနေ့မှာ ရှက်ဖီးနဲ့ ပရီးမီးယားလိဂ် ပွဲအဖြစ် ဆက်လက်ကစားရမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ၅ပွဲကစားပြီးချိန် အဆင့် ၃မှာရပ်တည်နေပါတယ်။



က္က