ဖာတီရဲ့ ပြေးလွှားမှုကို ရဲဖမ်းလို့ ပြေးရတဲ့ မှောင်ခိုးသမားရဲ့ အပြေးနဲ့ ခိုင်းနှိုင်း ဖော်ပြခဲ့မိတာပါ။
Kyaw Ko Ko Sint

ဖာတီရဲ့ တမူထူးခြားတဲ့ လှုပ်ရှားမှုကို ဂုဏ်ဖော် ချီးကျူးချင်ဇောကြောင့် ရဲဖမ်းလို့ ပြေးရတဲ့ မှောင်ခိုးစျေးရောင်း သမားနဲ့ စာဖတ်သူများ မြင်ယောင်စေရန် ရည်ရွယ်ရေးသားခဲ့သော်လည်း အဆိုပါ စာသားမှာ နားလည်မှု လွဲမှား စေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဖရန်ဗားရို့စ်အသင်းကို ၅-၁ဂိုးနဲ့ အနိုင်ရတဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာ လူငယ် တိုက်စစ်မှူး အန်စုဖာတီကို စပိန်သတင်းထောက်တစ်ဦးက ရဲဖမ်းလို့ ပြေးရတဲ့ မှောင်ခိုးစျေးသည်နဲ့ ခိုင်းနှိုင်းဖော်ပြခဲ့ပါတယ်။

အဆိုပါပွဲမှာ ဖာတီဟာ အသင်းဖော် ဂရုဇ်မန်းရဲ့ ဖန်တီးပေးမှုကတဆင့် ဂိုးသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တစ်ဂိုးနှင့်အထက် ဂိုးသွင်းယူနိုက်တဲ့ ပထမဆုံး ၁၈နှစ်အောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

“ဖာတီဟာ အခြားကစားသမားတွေလိုပဲ အားလုံးလေးစားမှုကို ရထိုက်သူပါ။လူမျိုးရေးမခွဲခြားကြပါနဲ့။”လို့ ဂရုဇ် မန်းက ဖာတီအတွက် ပြောဆိုလာပါတယ်။

ဖာတီကိုတော့ အဆိုပါ ပွဲပြီးနောက် စပိန်သတင်းစာ ABCက ရဲဖမ်းလို့ ပြေးရတဲ့ မှောင်ခိုးသမားနဲ့ တူတယ်လို့ ရေးသား ဖော်ပြခဲ့ပြီး သတင်း‌ရေးသားသူကတော့ သတင်းထောက် ဆဲလ်ဗာဒိုဆိုးစထရက်စ် ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖာတီကို အဆိုပါ သတင်းစာက တရားဝင် ပြန်လည်တောင်းပန်ကြောင်း ဖော်ပြလာခဲ့ပြီး သတင်း ရေးသားသူ ကာယကံရှင် သတင်းထောက်ကတော့ - “ ကြည့်လိုက်ရင် အများနဲ့ မတူပဲ လှပတဲ့ ဖာတီရဲ့ ပြေးလွှား မှုကို ချီးကျူးဂုဏ်ပြုချင်ဇောနဲ့ ရေးသားခဲ့တာ ဖြစ်ပေမယ့် အခုလို နားလည်မှု လွဲမှားစေခဲ့တဲ့အတွက် များစွာ စိတ် မကောင်းဖြစ်ရပါတယ်။”လို့ ပြောဆို တောင်းပန်ခဲ့ပါတယ်။

ဖာတီကတော့ အသက် ၁၇နှစ်သာရှိသေးပေမယ့် ယခုနှစ် ဘာစီလိုနာအသင်းအတွက် အားထားရတဲ့ အဓိက တိုက် စစ်မှူးတစ်ဦး အဖြစ် ရှိနေပြီး ပြိုင်ပွဲစုံ ၅ပွဲ ပါဝင်ကစားပေးထားရာမှာလည်း ၄ဂိုးထိ သွင်းယူပေးထားနိုင်ပြီ ဖြစ်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က