ဘောလုံးလောကရဲ့ မဟာပြိုင်ဘက်ကြီးနှစ်ဦးဟာ ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အုပ်စုတွင်းပြိုင်ဘက်တွေအဖြစ် ရင်ဆိ်ုင်ရမှာဖြစ်လို့ ထူးခြားတဲ့ ပြိုင်ဆိုင်မှုဖြစ်လာဖို့ ပရိသတ်တွေကိုယ်တိုင်က မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို ရော်နယ်ဒိုပါဝင်ကစားနိုင်ဖို့အတွက် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက မျှော်လင့်နေပါတယ်။ ဘောလုံးလောကရဲ့ မဟာပြိုင်ဘက်ကြီးနှစ်ဦးဟာ ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အုပ်စုတွင်းပြိုင်ဘက်တွေအဖြစ် ရင်ဆိ်ုင်ရမှာဖြစ်လို့ ထူးခြားတဲ့ ပြိုင်ဆိုင်မှုဖြစ်လာဖို့ ပရိသတ်တွေကိုယ်တိုင်က မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရော်နယ်ဒိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး လက်ရှိအချိန်ထိပျောက်ကင်းသက်သာခြင်းမရှိသေးလို့ အဆိုပါပွဲကို ဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ချက်က အားနည်းနေပြီဖြစ်ပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုရလဒ်မှာလည်း Positive သာဖြစ်ခဲ့လို့ ရော်နယ်ဒိုအနေနဲ့ လာမယ့် ၃ ရက်အတွင်းမှာ Negative ဖြစ်ဖို့ကို မျှော်လင့်ရမှာလည်းဖြစ်ပါတယ်။
UEFA ကတော့ ပွဲမတိုင်ခင် တစ်ပတ်အလိုမှာ ဆေးစစ်မှုရလဒ်အရ ကောင်းမွန်နေရမယ်လို့ စည်းကမ်းသတ်မှတ်ချက်ထားရှိထားပါတယ်။ ဒါပေမယ့် The Sun ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဘာစီလိုနာနဲ့ပွဲမတိုင်ခင် ၄၈ အလိုမှာ Negative ဖြစ်ခဲ့မယ်ဆိုပါက ဝင်ရောက်ကစားနိုင်ဖို့ အခွင့်အရေးရှိတယ်လို့ သိရပြီး သူ ကစားနိုင်မလား၊ မကစားနိုင်ဘူးလားဆိုတာကို မကြာခင်သိရတော့မှာပါ။
DAZN နဲ့ ပြုလုပ်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မတိုင်ခင် အင်တာဗျူးမှာ မက်ဆီက "ရီးရဲလ်မက်ဒရစ်အတွက် ရော်နယ်ဒိုကစားပေးချိန်ကဆိုရင် ရင်ဆိုင်ရမှုက တကယ်ထူးခြားပါတယ်၊ သူတို့နဲ့ကစားတဲ့ ပွဲတိုင်းထူးခြားခဲ့တာပါ၊ ဒါပေမယ့် ရော်နယ်ဒို ကွင်းထဲမှာရှိနေပြီဆိုရင်တော့ သူ့ရဲ့အရေးပါမှုက ပိုပြီးတော့ သိသာထင်ရှားပါတယ်၊ အဲဒါတွေက အတိတ်မှာကျန်နေရစ်ခဲ့ပါပြီ"
"ကျွန်တော်တို့ ဒီနေ့ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ပဲ ကြိုးစားရတော့မှာပါ၊ ဗုဒ္ဓဟူးနေ့ပွဲစဉ်က အဲဒီလိုဖြစ်ပါလိမ့်မယ်၊ ရော်နယ်ဒို အဲဒီမှာရှိမယ်လို့လည်း ကျွန်တော်တို့မျှော်လင့်ထားပြီး သူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ အမြန်ဆုံးပြန်လည်ကောင်းမွန်လာမှာပါ" လို့ မက်ဆီက ပြောသွားခဲ့ပါတယ်။ အဆိုပါပွဲကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး ရော်နယ်ဒိုကတော့ ဂျူဗီအတွက် ၂ပွဲအထိ လွဲချော်ထားပြီးဖြစ်ပါတယ်။