အသင်းဖော်ဟယ်ရီကိန်းတစ်ဦးတည်း ပိုမိုသာလွန်နေတာပါ။
Pyae Phyo Thein

ဒီရာသီမှာ ဆွန်ဟောင်မင်က စပါးအတွက် ပြိုင်ပွဲစုံသွင်းဂိုးပါဝင်ပတ်သက်မှု ၁၃ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ကာ ၉ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်။


LASK နဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် စပါးကစားသမား ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှု မှတ်တမ်းက အထင်ကြီးဖွယ်ရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ စပါးအတွက် ပြိုင်ပွဲစုံမှာ ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်ဟာ လူစားဝင်လာခဲ့ပြီးနောက်မှာ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး သူ့ရဲ့ ဂိုးမြူးနေမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ 



မော်ရင်ဟိုရဲ့ စိတ်ကြိုက်ကစားသမားအဖြစ်ရှိနေတဲ့ ဆွန်ဟောင်မင်က ဝင်ကစားခွင့်ရတဲ့အချိန်အနည်းငယ်အတွင်းမှာ ဂိုးရအောင်ယူပြခဲ့တာလည်းဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် ဒီရာသီမှာ ဆွန်ဟောင်မင်က စပါးအတွက် ပြိုင်ပွဲစုံသွင်းဂိုးပါဝင်ပတ်သက်မှု ၁၃ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ကာ ၉ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ သူ့ရဲ့စွမ်းဆောင်ရည်ထက် ပိုမိုသာလွန်တဲ့ ကစားသမားအဖြစ် အသင်းဖော်တိုက်စစ်မှူးဟယ်ရီကိန်းတစ်ဦးတည်းသာရှိနေခဲ့ပြီး ကိန်းက သွင်းဂိုးပါဝင်ပတ်သက်မှု ၁၈ ဂိုးအထိ ရှိနေခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုး၊ ယူရိုပါလိဂ်ခြေစစ်ပွဲမှာ ၁ ဂိုး၊ အုပ်စုပွဲမှာ ၁ဂိုးအထိ ရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်အနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြသနေမှုတွေကြောင့် အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ စပါးက ဆွန်ဟောင်မင်ရဲ့ ပုံရိပ်ကိုအသုံးပြုကာ အာရှတိုက်စျေးကွက်ကို ထိုးဖောက်ဖို့အတွက် ကြိုးစားနေပြီး ဆွန်ရဲ့ အခန်းကဏ္ဍက စပါးမှာ ပိုမိုကြီးမားတဲ့နေရာတစ်နေရာမှာ ရှိလာတော့မှာလည်း ဖြစ်ပါတယ်။ 


Author


က္က