အသင်းဖော်ရဲ့ ပေးဆပ်ခဲ့မှုတွေကို အသိအမှတ်ပြုခဲ့တာပါ။
Pyae Phyo Thein

မက်ဆီသာ အသင်းကထွက်ခွာချင်တယ်ဆိုရင် ထွက်ခွာခွင့်ပေးသင့်တယ်လို့ ပီကေးက ထပ်မံပြောဆိုခဲ့ပြီး အသင်းဘုတ်အဖွဲ့ရဲ့ လုပ်ကိုင်နေပုံတွေကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။


ဘာစီလိုနာအသင်းရဲ့ နောက်ခံလူပီကေးက နူးကမ့်ကွင်းကို မက်ဆီရဲ့ နာမည်ပြောင်းပေးပြီး ဂုဏ်ပြုသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီကုန်မှာလည်း မက်ဆီသာ အသင်းကထွက်ခွာချင်တယ်ဆိုရင် ထွက်ခွာခွင့်ပေးသင့်တယ်လို့ ပီကေးက ထပ်မံပြောဆိုခဲ့ပြီး အသင်းဘုတ်အဖွဲ့ရဲ့ လုပ်ကိုင်နေပုံတွေကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။

မက်ဆီကတော့ ဒီရာသီမစတင်ခင်မှ အသင်းကထွက်ခွာခွင့်တောင်းဆိုခဲ့ပေမယ့် ဘာစီလိုနာဥက္ကဌဘာတိုမြူက ငြင်းဆန်ခဲ့ပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာတို့ကြားမှာ အငြင်းပွားစရာတွေလည်းဖြစ်ပျက်ခဲ့ပြီး မက်ဆီက အလွတ်ထွက်ခွာချင်ခဲ့ကာ ဘာစီလိုနာကတော့ စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ရရှိမှသာ ထွက်ခွင့်ပြုနိုင်မယ်လို့ တင်းခံခဲ့ပြီး နှစ်ဦးနှစ်ဖက်ကြား အငြင်းအခုံဖြစ်ခဲ့ရပါတယ်။ 

ပီကေးက မက်ဆီဟာ သူ့အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။ "ဒီအကြောင်းတွေကို ကျွန်တော် မက်ဆီနဲ့ သိပ်အများကြီးမပြောဖြစ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက ပုဂ္ဂိုလ်ရေးသီးသန့်ဆုံးဖြတ်ချက်ဖြစ်နေလို့့ပါ၊ ကျွန်တော် မက်ဆေ့ချ်တစ်စောင်ပို့ခဲ့တာကိုတော့ သတိရမိပါတယ်၊ သူ့ကို လီယို တစ်နှစ်လောက်ထပ်နေပါဥိး၊ ကစားသမားသစ်တွေရောက်လာလိမ့်မယ်ဆိုပြီး ပို့ခဲ့တာပါ"

"သူ့ရဲ့စိတ်ခံစားချက်အတိုင်း သူ ပြုလုပ်နိုင်ခွင့်ရှိပါတယ်၊ ကစားသမားတစ်ဦးက ၁၆ နှစ်လောက် အသင်းအတွက် ပေးဆပ်ခဲ့ပြီးချိန်မှာ သူ့ရဲ့ဆန္ဒကို လိုက်လျောသင့်ပါတယ်၊ ဘာတွေပဲဖြစ်ဖြစ်ပါ၊ မက်ဆီအတွက် ထိုက်တန်တဲ့အရာတွေက အများကြီးပါ၊ သူ အနားယူသွားတဲ့နောက်၊ အသင်းမှာမရှိတော့တဲ့နောက် ကွင်းသစ်ကြီးရဲ့ နာမည်က သူ့နာမည်တောင်ဖြစ်သင့်ပါတယ်" လို့ ပီကေးက ပြောဆိုခဲ့ပါတယ်။ 


ပီကေးကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စပိန်နောက်ခံလူဟာ ဘာစီလိုနာရဲ့ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး အသင်းအတွက် ကစားပေးနေခဲ့ကာ ၉ ရာသီအထိရှိခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က