ဒီနေ့မှာ အယ်လ်ကလက်စီကိုပွဲအဖြစ် ကစားရတော့မှာပါ။
Pyae Phyo Thein

သူ့ရဲ့သွင်းဂိုးတွေနဲ့ လာလီဂါမဟာပြိုင်ဘက်ကြီး အကြိမ်ကြိမ်အလဲထိုးနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီနေ့ညမှာ အယ်လ်ကလက်စီကိုပွဲစဉ် ၄၂ ပွဲမြောက်ကိုကစားရတော့မှာလည်းဖြစ်ပါတယ်။


ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ရီးရဲလ်မက်ဒအသင်းအသင်းနဲ့ ၄၁ ကြိမ်ရင်ဆိုင်ခဲ့ပြိး ၂၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးတွေနဲ့ လာလီဂါမဟာပြိုင်ဘက်ကြီး အကြိမ်ကြိမ်အလဲထိုးနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီနေ့ညမှာ အယ်လ်ကလက်စီကိုပွဲစဉ် ၄၂ ပွဲမြောက်ကိုကစားရတော့မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ရီးရဲလ််မက်ဒရစ်ကို ဂိုးမသွင်းယူနိုင်ခဲ့တာ ရက်ပေါင်း ၉၀၀ ကျော်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သူ နောက်ဆုံးအကြိမ်သွင်းယူခဲ့တာကတော့ ၂၀၁၈ ခုနှစ် မေလအတွင်းက နူးကမ့်မှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ဒီနေ့ညကပွဲကတော့ သူ့ရဲ့ အယ်လ်ကလက်စီကိုမှာ ဂိုးမိုးခေါင်နေမှုကို အဆုံးသတ်နိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာလည်း open play ကတဆင့် ဂိုးသွင်းယူထားနိုင်ခြင်းမရှိသေးဘဲ ပယ်နယ်တီတွေကနေသာ နှစ်ဂိုးရရှိထားတာဖြစ်ပါတယ်။ နည်းပြသစ်ရော်နယ်ကိုးမန်းလက်ထက်မှာ မက်ဆီအတွက် ကစားကွက်ကနေ ဂိုးသွင်းယူနိုင်ဖို့က အခက်အခဲတွေ ရှိနေခဲ့ပေမယ့် အသင်းဖော်တွေအတွက်တော့ ပုံမှန်အတိုင်းဖန်တီးပေးမှုတွေ လုပ်ပေးနေဆဲဖြစ်ကာ ၃ ကြိမ်ဖန်တီးပေးထားပါတယ်။ 


ပြီးခဲ့တဲ့တစ်ပတ် လာလီဂါပွဲတွေမှာ ရှုံးပွဲကိုယ်စီရင်ဆိုင်ခဲ့ရလို့ ဒီပွဲကနှစ်သင်းစလုံးအတွက် ကျားနာခဲခဲရမယ့်ပွဲလည်းဖြစ်နေပြန်ပါတယ်။ နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ ငါးပွဲမှာ မက်ဆီဂိုးပေါက်ပျောက်နေခဲ့ပေမယ့် ဘာစီလိုနာက ၃ပွဲအနိုင်ရပြီး တစ်ပွဲသရေကျကာ တစ်ပွဲရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီ ၅ ပွဲမှာ ဘာစီလိုနာက သွင်းဂိုး ၈ ဂိုးရရှိခဲ့ပြီး ပေးဂိုး ၆ ဂိုးအထိရှိခဲ့ပါတယ်။ 

ဒီရာသီမှာ သူတို့နှစ်သင်းစလုံး ခံစစ်ပိုင်းအားနည်းချက်တွေရှိနေခဲ့ပြီး ပွဲတိုင်းနီးပါးကို ဂိုးပေးထားရလို့ ဒီပွဲမှာလည်း အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ အားထားရတဲ့ နောက်ခံလူရာမို့စ် ပါဝင်ဖို့မသေမချာဖြစ်နေလို့လည်း ဒီအချက်က မက်ဆီအတွက်အခွင့်အရေးဖြစ်ပြီး သူ့ရဲ့ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 


Author


က္က