စိတ်ပျက်စရာကစားဟန်နဲ့ ရှုံးပွဲဖြစ်ခဲ့ပါတယ်။
Pyae Phyo Thein

ဒီနေ့ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာတော့ ဘာစီလိုနာဟာ စိတ်ပျက်ဖွယ်ရာခြေစွမ်း နဲ့ စိတ်ဓာတ်ပိုင်းတွေပြသပြီး အရေးနိမ့်ခဲ့ရပါတယ်။ နူးကမ့်မှာပဲ အရေးနိမ့်ခဲ့ာဖြစ်ပြီး အန်ဆူဖာတီရဲ့ စံချိန်သစ်ကလွဲရင် စိတ်ဝင်စားစရာမရှိခဲ့ဘဲ ရီးရဲလ်က အသာစီးရယူသာ ၁-၃ နဲ့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်သာ ဂိုးသွင်းသေချာရင် ဒီထက်မကဂိုးပြတ်နိုင်တဲ့ အနေအထားဖြစ်ပြီး ၃ ဂိုးပေးရတာပဲ တော်သေးလှပြီလို့ မှတ်ယူရမလိုပါပဲ။ ရလဒ်ပိုင်းကျဆင်းနေတဲ့အသင်းချင်းအတွေ့မှာ အိမ်ကွင်းအားသာချက်ရှိပေမယ့်လည်း မက်ဆီကိုယ်တိုင်က ထုံးစံအတိုင်း အသင်းအရေးနိမ့်ချိန်မှာ စိတ်ပိုုင်းဆိုင်ရာလှုံ့ဆော်မှုမလုပ်နိုင်ခဲ့ဘဲ ရီးရဲလ်က ဒီအပိုင်းမှာ ပိုသာလွန်နေခဲ့ပါတယ်။ 

ပွဲအစငါးမိနစ်မှာပဲ ဗယ်လ်ဗာဒီက ဦးဆောင်ဂိုးသွင်းခဲ့ပြီး ၃ မိနစ်အကြာမှာ အန်ဆူဖာတီက ပြန်ချေပပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက ကစားကွက်အရ သိသိသာသာအသာစီးမရခဲ့ဘဲ ပွဲချိန်တွင်းအလှည့်အပြောင်းပြုလုပ်ပုံတွေ အားနည်းခဲ့ကာ ရော်နယ်ကိုးမန်းရဲ့ ပထမဆုံးအယ်လ်ကလက်စီကိုက စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 

ဒုတိယပိုင်းမှာ ရာမို့စ်က ပယ်နယ်တီကတဆင့် ဦးဆောင်ဂိုးထပ်သွင်းပြီး ပွဲပြီးခါနီးမှာ မိုဒရစ်က အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ ဘာစီလိုနာခံစစ်ပိုင်းမှာ ကြီးမားတဲ့ ဟာကွက်တွေ အများကြီးရှိနေခဲ့ပြီး ရီးရဲလ်မက်ဒရစ် ခံစစ်အတွင်းလူတွေကတောင် ဧရိယာထဲထိ မကြာခဏရောက်လာခဲ့တာကို ကြည့်မယ်ဆိုရင် ပီကေးဦးဆောင်တဲ့ ခံစစ်ပိုင်းက တော်တော်လေးယိမ်းယိုင်နေပြီဆိုတာ သိသာနေပါတယ်။

ဇီဒန်းကတော့ ဒီပွဲအနိုင်ရခဲ့လို့ အသက်ရှူချောင်ခဲ့ပြီး နှစ်ပွဲဆက်ရှုံးနိမ့်မှုကနေ ရုန်းထွက်လာနိုင်ခဲ့ပြီး ရာထူးနေရာအတွက်ပါ တည်ငြိမ်သွားသလောက်ဖြစ်ခဲ့ပါပြီ။ မက်ဆီကတော့ အယ်လ်ကလက်စီကိုမှာ ခြောက်ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့ပြီး ဂိုးမသွင်းနိုင်တာ မိနစ် တစ်ထောင်ကျော်အထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က