ဗယ်လ်ဗာဒီရဲ့ အဖွင့်ဂိုးကို အန်ဆူဖာတီက ပြန်လည်ချေပခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရာမို့စ်ရဲ့ ပယ်နယ်တီ၊ မိုဒရစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရီးရဲလ်က တက်လှမ်းခဲ့ပါတယ်။
အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာကို နူးကမ့်မှာပဲ အနိုင်ယူခဲ့ပြီးနောက် ရီးရဲလ်နည်းပြဇီဒန်းက သူတို့အနေနဲ့ ဝေဖန်နေသူတွေကို ပါးစပ်ပိတ်အောင်စွမ်းဆောင်ဖို့ အာရုံမစိုက်ခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဗယ်လ်ဗာဒီရဲ့ အဖွင့်ဂိုးကို အန်ဆူဖာတီက ပြန်လည်ချေပခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရာမို့စ်ရဲ့ ပယ်နယ်တီ၊ မိုဒရစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရီးရဲလ်က တက်လှမ်းခဲ့ပါတယ်။
ကာဒစ် နဲ့ ရှက်တာဒိုးနတ်တို့ကို နှစ်ပွဲဆက်တိုက်အရေးနိမ့်ခဲ့လို့ ဖိအားတွေများနေခဲ့တဲ့ ဇီဒန်းက နူးကမ့်မှာ နိုင်ပွဲပြန်လည်ရှာေတွေ့ခဲ့လို့ ဖိအားတွေလျော့ကျခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဇီဒန်းက သူ့အနေနဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ဖို့စိတ်မဝင်စားကြောင်း ပြောဆိုခဲ့ပြီး ပြိုင်ဘက်အသင်းကို သူတို့ရဲ့ အရည်အချင်းနဲ့ ဖြိုခွင်းနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
"ဘာစီလိုနာလို အသင်းမျိုးနဲ့ ကစားတဲ့အခါမှာ ကွာခြားချက် နှစ်ခု၊ သုံးခုလောက်ရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ့ခဲ့ပါတယ်၊ နောက်ဆုံးမှာတော့ ပွဲကောင်းတစ်ပွဲကစားဖို့ ကြိုးစားနေခဲ့ပြီး ဒါကို လုပ်နိုင်ခဲ့ပါတယ်" လို့ ဇီဒန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်ကတော့ ဒီရာသီ လိဂ်ပွဲခြောက်ပွဲကစားအပြီးမှာ ၄ပွဲအထိ အနိုင်ရရှိထားပြီးဖြစ်ပါတယ်။
လာမယ့်ပွဲအဖြစ် ရီးရဲလ်ဟာ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲကို သွားရောက်ကစားရမှာဖြစ်ပြီး လေးရက်အကြာမှာ လာလီဂါပွဲအဖြစ် ဟူစကာနဲ့ အိမ်ကွင်းမှာကစားရမှာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ဂျူဗင်တပ်စ်နဲ့ ကစားရဖို့ရှိနေပြီး ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုကတော့ ကိုဗစ်ကြောင့် ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေဆဲပါ။