ဖရန့်ဖတ်ကို ၅ဂိုးပြတ်အနိုင်ရပြီး လီဝန်ဒေါစကီးက ဟက်ထရစ် သွင်းယူခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ၅ပွဲကစားပြီး ၄ပွဲနိုင် ၁ပွဲရှုံး ရမှတ် ၁၂မှတ်ဖြင့် အဆင့် ၁၂မှာ အဆင့်၁က လိုက်ပ်ဇစ်အသင်းရဲ့အောက် တစ်မှတ်လျော့နဲ့ ရပ်တည်နေပါတယ်။

ဖရန့်ဖတ်ကို ၅ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဟက်ထရစ် သွင်းယူနိုင် ခဲ့ပါတယ်။



အဆိုပါ ဟက်ထရစ်သွင်းဂိုးကြောင့် ‌ပိုလန် လက်ရွေးစင်ဟာ ဘွန်ဒက်စ်လီဂါမှာ ပထမဆုံး ၅ပွဲကစားအပြီး ၁၀ဂိုးထိ ရရှိအောင် စွမ်းဆောင်ပြနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တယ်လို့ BBC SPORTသတင်းဌာနက ဖော်ပြလာ ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် မှတ်တမ်းကောင်းတွေ ယူဆောင်လာပေးသူ ရှိသကဲ့သို့ တစ်ချိန်တည်းမှာပဲ ခြေ ကျင်းဝတ်လည်သွားလို့ အယ်လ်ဖွန်ဆို ဒါဗီးစ်ကိုလည်း အနည်းဆုံး ၈ပတ်ခန့် လက်လွှတ်ရဖို့ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း တစ်သင်းလုံးအနေနဲ့မူ လက်ရှိ ဘွန်ဒက်စ်လီဂါ ၅ပွဲကစားပြီးချိန်၌ သွင်းဂိုး စုစုပေါင်း ၂၂ဂိုး ထိရှိနေခဲ့ပြီ ဖြစ်ရာ ဒါဟာလည်း အသင်းကို မှတ်တမ်းကောင်း ပိုင်ဆိုင်စေခဲ့ပြန်ပါတယ်။

အလားတူ အသက် ၁၇နှစ်သာရှိသေးတဲ့ အသင်းရဲ့ လူငယ် ကစားသမားလေး မူစီယာလာကလည်း အသက် ၁၈နှစ် မတိုင်ခင် တစ်ဂိုးနှင့်အထက် သွင်းယူနိုင်တဲ့ ၇ဦးမြောက် ဘွန်ဒက်စ်လီဂါ ကစားသမား ဖြစ်လာခဲ့ပါတယ်။

မနှစ်က ဘောလုံးရာသီမှာတော့ အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဟာ ပွဲပေါင်း ၄၇ပွဲကစားပြီး ၅၅ဂိုးထိသွင်းယူ ပေးထား နိုင်ခဲ့ကာ အဆိုပါ သွင်းဂိုးတွေထဲမှာတော့ ၃၄ဂိုးက ဘွန်ဒက်စ်လီဂါ သွင်းဂိုးလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ၅ပွဲ ၁၀ ဂိုးသွင်းထားနိုင်မှုအရ လီဝန်ရဲ့ ဂိုးသွင်းနှုန်းဟာ ၃၇မိနစ်ကို တစ်ဂိုးနှုန်းရှိနေတယ်လို့ လည်း စစ်တမ်းအရ သိရပါတယ်။

ဒဏ်ရာရသွားတဲ့ ဒေဗီးစ်နဲ့ ပတ်သက်ပြီးတော့ကိုမူ - “ အရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့တာပါ။တစ်ပိုင်းက လုံးဝကွဲထွက် သွားပြီး တစ်ပိုင်းက တစ်ဝက်လောက် စုတ်ပြဲ ကွဲထွက်သွားတယ်လို့ သိရပါတယ်။ဒါကြောင့် အနည်းဆုံး ၆ပတ်က နေ ၈ပတ်အထိ နားရမယ်လို့ ယူဆရပါတယ်။”လို့ နည်းပြ ဖလစ်ခ်က ဆိုပါတယ်။

ဒဏ်ရာကြောင့် ကနေဒါ လက်ရွေးစင် အယ်လ်ဖွန်ဆိုကတော့ ၂၀၂၀ခုနှစ်ရဲ့ လက်ကျန်ပွဲတွေကို ပါဝင် ကစားနိုင် တော့မှာ မဟုတ်တော့ပဲ အကြောင်းကတော့ ဆောင်းရာသီ အားလပ်ရက် ရောက်ဖို့ ၈ပတ်ခန့်သာ ကျန်တော့တာ ကြောင့် ဖြစ်ပါတယ်။

Share

Loading Next Article...
က္က