သူ့ရဲ့စိတ်ခံစားချက်ကို လူမှုကွန်ရက်ကနေ ထုတ်ဖော်ပြသခဲ့ပါတယ်။
Pyae Phyo Thein

မက်ဒရစ်မှာ ၉ နှစ်ကြာကစားခဲ့ပြီး အယ်လ်ကလက်စီကိုပွဲစဉ်တွေကို ကြိမ်ဖန်များစွာကစားခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ ဒီပွဲစဉ်ရဲ့ အနက်အဓိပ္ပာယ်က ဘယ်လောက်ထိကြီးမားနက်ရှိုင်းတယ်ဆိုတာကို ကောင်းကောင်းသိသူလည်းဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ အယ်လ်ကလက်စီကိုပွဲစဉ်မှာ အသင်းဟောင်းအနိုင်ရရှိခဲ့တဲ့အတွက် ပျော်ရွှင်ကျေနပ်နေတယ်ဆိုတာကို ထုတ်ဖော်ပြသွားခဲ့ပါတယ်။ မနေ့ကစားခဲ့တဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်က နူးကမ့်မှာပဲ ဘာစီလိုနာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး စပိန်ရဲ့ အကောင်းဆုံးပွဲစဉ်မှာ အသာစီးရယူနိုင်ခဲ့ပါတယ်။ 

မက်ဒရစ်မှာ ၉ နှစ်ကြာကစားခဲ့ပြီး အယ်လ်ကလက်စီကိုပွဲစဉ်တွေကို ကြိမ်ဖန်များစွာကစားခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ ဒီပွဲစဉ်ရဲ့ အနက်အဓိပ္ပာယ်က ဘယ်လောက်ထိကြီးမားနက်ရှိုင်းတယ်ဆိုတာကို ကောင်းကောင်းသိသူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အသင်းဟောင်းအနိုင်ရရှိချိန်မှာ ရော်နယ်ဒိုက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ "Yesss" လို့ ရေးသားကာ သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ 

ပေါ်တူဂီကြယ်ပွင့်ကတော့ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ တစ်ဦးတည်းသီးသန့်နေထိုင်ကာ ပျောက်ကင်းဖို့အားထုတ်နေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အတွက် မကစားပေးနိုင်တာ ၂ပွဲအထိရှိသွားခဲ့ပြီဖြစ်ပြီး ဒီနေ့ကစားရမယ့် စီးရီးအေပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်လို့ စုစုပေါင်း ၃ ပွဲအထိ ရော်နယ်ဒိုက လွဲချော်တော့မှာလည်းဖြစ်ပါတယ်။ 

လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂျူဗင်တပ််စ်က ဘာစီလိိုနာနဲ့ ရင်ဆို်င်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်ခင် ၂၄ နာရီအလိုမှာ ရော်နယ်ဒိုရဲ့ ဆေးစစ်မှုအဖြေရလဒ်က Negative ဖြစ်နေလို့ လိုအပ်နေပါတယ်။ ရော်နယ်ဒိုက အဆိုပါပွဲကို ဝင်ရောက်ကစားပေးနိုင်ဖို့ မျှော်လင့်နေပြီး ဂျူဗီကလည်း သူတို့ရဲ့ တိုက်စစ်မှူးကို အုပ်စုတွင်းအရေးပါတဲ့ပွဲစဉ်မှာ ထည့်သွင်းအသုံးပြုချင်နေပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကတော့ ရော်နယ်ဒိုက ဗိုင်းရပ််စ်ကူးစက်ခံရမှုကနေ အမြန်ဆုံးသက်သာပျောက်ကင်းလာမယ်လို့ ပြောဆိုခဲ့ပြီး သူတို့နဲ့ကစားရမယ့်ပွဲစဉ်ကို ပါဝင်လာမယ်လို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက ပြောဆိုထားခဲ့ဖူးပါတယ်။ 


Author


က္က