အသက် ၃၄နှစ်နဲ့ ၂၉၁ရက် ရှိပါပြီ။

အသက် ၃၄နှစ် ၂၉၁ရက်ရှိနေခဲ့ပြီ ဖြစ်တဲ့ ဒေးလ်ဗစ် ဆေးလ်ဗားဟာ ဆိုစီဒက်အသင်းအတွက် အခုလို ၂ဂိုးဖန်တီး ပေးနိုင်ခဲ့တာကြောင့် ၁၀နှစ်အတွင်း လာလီဂါမှာ တစ်ပွဲတည်း ၂ဂိုး ဖန်တီးနိုင်တဲ့ အသက် အကြီးဆုံး ကစားသမား ဖြစ် လာခဲ့ပါတယ်။

ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးကနေ ရီးရဲ ဆိုစီဒက်စ်အသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်က ပြောင်းရွှေ့ လာခဲ့သူပါ။



အသက် ၃၄နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဆေးလ်ဗားဟာ မိခင်နိုင်ငံ စပိန်ကို ပြန်လည် အခြေချဖို့ ဆုံးဖြတ်ပြီး အင်္ဂလန် နိုင်ငံ မန်စီးတီးကို စွန့်ခွာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မနေ့က ကစားခဲ့တဲ့ ဆိုစီဒက်နဲ့ ဟူစကာအသင်း ပွဲစဥ်မှာ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ၂ဂိုး ထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါဟာ အသက်သာ ကြီးလာပေမယ့် အရည်အချင်းတွေ မလျော့သွားသေးပဲ ဖန်တီးနိုင်စွမ်း မြင့်မားနေသေးတယ်ဆို တာ သက်သေပြလိုက်သလိုပါပဲ။

အခုလိုမျိုး ၂ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဆေးလ်ဗားကတော့ ၂၀၁၀က ဗလင်စီယာအသင်းအတွက် ဗီလာရီးရဲ အသင်း ဖက်ကို ၂ဂိုးဖန်တီးပေးနိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် လာလီဂါမှာပင် နောက်ထပ် တစ်ပွဲတည်း ၂ဂိုး ဖန်တီး ပေး နိုင်တဲ့ အသက်အကြီးဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ဆေးလ်ဗားရဲ့ အသက်ကတော့ ၃၄နှစ်နဲ့ ၂၉၁ရက် ရှိပြီ ဖြစ်ပြီး ၁၀နှစ်အတွင်းမှာ လာလီဂါတစ်ခုတည်းမှာပဲ တစ်ပွဲ အတွင်း ၂ဂိုးဖန်တီးပေးနိုင်တဲ့ အသက်ကြီးဆုံး ကစားသမားဖြစ်လာတာပါ။

အဆိုပါပွဲမှာတော့ ဆိုစီဒက်စ်က ၄-၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လာလီဂါမှာလည်း ရမှတ် ၁၄မှတ်နှင့်အတူ အဆင့် ၁နေရာ ကို ရယူထားနိုင်ပါတယ်။

Share

Loading Next Article...
က္က