လောလောဆယ်တော့ ရော်နယ်ဒိုက ကိုဗစ်ပိုးတွေ့ရှိထားလို့ အသင်းနဲ့ မပူးပေါင်းနိုင်ပါဘူး။

ရော်နယ်ဒိုကတော့ ကိုဗစ်ရောဂါပိုး မပျောက်သေးလို့ အသင်းနှင့်အတူ ပူးပေါင်းနိုင်ခြင်း မရှိသလို လာမယ့် ဗုဒ္ဓဟူး နေ့မှာ ကစားမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကိုလည်း ပါဝင်နိုင်ဖို့ မသေချာ ဖြစ်နေပါတယ်။

ကိုဗစ်ကြောင့် နားနေရတဲ့ တိုက်စစ်မှူး ရော်နယ်ဒို ပြန်လည် သက်သာလာပါက အသင်းရဲ့ ဘယ်ဖက်ခြမ်းမှာ ထားကစားဖို့ ပြင်ဆင်ထားတယ်လို့ ဂျူဗင်တပ် နည်းပြ ပီယာလို က ထုတ်ဖော်ပြောလာပါတယ်။



ပီယာလိုအနေနဲ့ ဗီရိုနာနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ စီးရီးအေ ပွဲစဥ်မှာ နောက်ခံလူ ဘိုနော့ချီလည်း ဒဏ်ရာရသွားတာ ဖြစ်ပြီး အဆိုပါပွဲက ၃ပွဲမြောက် သရေပွဲလည်း ဖြစ်လာပါတယ်။

ရော်နယ်ဒိုကတော့ ကိုဗစ်ပိုး တွေ့ရှိထားလို့ နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့လည်း အချိန်ပြည့် မပူးပေါင်း နိုင်ခဲ့ပဲ အီတလီကို သီးသန့် ဆေးလေယာဥ်ဖြင့် ပြန်လာကာ သီးသန့် နေထိုင်နေရဆဲပါ။

လက်ရှိမှာလည်း ဗုဒ္ဓဟူးနေ့မှာကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဥ်ကို ပါဝင်ကစားဖို့ မသေချာ ဖြစ်နေသေးပြီး အနည်းဆုံး ပွဲမတိုင်ခင် ၂၄နာရီအလိုက်လောက်ကတည်းက ရောဂါပိုး ပျောက်ကင်းနေဖို့ လိုနေ တယ်လို့ သိရပါတယ်။

ရော်နယ်ဒို ကျန်းမာလာပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာ အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပီယာလိုက စီစဥ်ထားတာ ဖြစ်ပြီး ရီးရဲမက်ဒရစ်မှာ ကာလရှည် ကစားခဲ့တဲ့ ဘယ်တောင်ပံ တိုက်စစ်မှူး နေရာမှာ ဒိုင်ဘာလာ၊ မိုရာတာတို့နဲ့အတူ တွဲကစားစေချင်နေတာပါ။

"တိုက်စစ် ၃ယောက် ထားကစားဖို့ စဥ်းစားတဲ့ အခါ ရော်နယ်ဒိုအတွက် ဘယ်တောင်ပံက အကောင်းဆုံးလို့မြင်မိ တယ်၊ လောလောဆယ်တော့ ရော်နယ်ဒိုရဲ့ နောက်ဆုံးရသတင်းကတော့ မနေ့က ညနေအထိကို မသိရသေးပါ ဘူး။ကျွန်တော်တို့ အသင်းအားလုံး နောက်ဆုံး ဆေးစစ်ကြတဲ့အချိန် သူလည်းပဲ အိမ်မှာ ထပ်စစ်တော့ ပိုးရှိနေ တုန်းပါပဲ။"လို့ ပီယာလိုက ဆိုပါတယ်။

ရော်နယ်ဒိုအနေနဲ့ ရီးရဲမက်ဒရစ်မှာရှိချိန် ဘယ်တောင်ပံမှာ အဓိကထား ကစားခဲ့တာ ဖြစ်ပေမယ့်လည်း အသက် အရွယ်အရ ဂျူဗင်တပ်အသင်းကို ရောက်ချိန်မှာတော့ အထောင်တိုက်စစ်မှူးအဖြစ် ကစားလာခဲ့ပါတယ်။

အခုချိန်မှာတော့ အထောင်တိုက်စစ်မှူးအဖြစ် မိုရာတာ ရှိနေချိန် နည်းပြ ပီယာလိုက ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်တဲ့အနေနဲ့ တောင်ပံ တိုက်စစ်ကို ထားကစားဖို့ စီစဥ်ထားခဲ့တာလို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က