လက်ရှိမှာတော့ ကိုဗစ် မပျောက်သေးလို့ သီးသန့် နေနေရပါတယ်။
Kyaw Ko Ko Sint

ရော်နယ်ဒိုကတော့ သူ့အနေနဲ့ အီတလီနိုင်ငံရဲ့သတ်မှတ်ထားတဲ့ ကိုဗစ် စည်းမျဥ်း အားလုံးကို လိုက်နာခဲ့ကြောင်း ပြောဆိုထားပေမယ့် အီတလီ ဝန်ကြီးကတော့ ရော်နယ်ဒို စည်းမျဥ်းလိုက်နာဖို့ ပျက်ကွက်ခဲ့တာကို သက်သေပြနိုင်ရေး စုံစမ်းနေတယ်လို့ ထုတ် ဖော်ပြောလာခဲ့တာပါ။

ကိုဗစ်ဖြစ်လို့ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်ခြင်းမရှိတော့ပဲ မိခင်ကလပ် ဂျူဗင်တပ်အသင်းရှိရာ အီ တလီကို လူနာတင်လေယာဥ်နဲ့ သီးသန့် ပြန်လာခဲ့တဲ့ ရော်နယ်ဒိုဟာ အီတလီရဲ့ သတ်မှတ်ထားတဲ့ ကိုဗစ် စည်း မျဥ်းကို ချိုးဖောက်ခဲ့တယ်လို့ အီတလီ အားကစားဝန်ကြီး ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါကိုလည်း ရော်နယ်ဒိုက သူ့အနေနဲ့ ကိုဗစ် သတ်မှတ်စည်းမျဥ်းတွေကို မချိုးဖောက်ခဲ့ပဲ တိကျစွာ လိုက်နာခဲ့ ကြောင်း အကျိုးအကြောင်းနဲ့ ပြန်လည်ဖြေရှင်းထားပါတယ်။

အောက်တိုဘာ ၁၆ရက်မှာ သီးသန့် နေထိုင်နေကြောင်း အင်စတာဂရမ်မှတဆင့် အသိပေးခဲ့ကြောင်း၊ပြန်လာမယ့် အကြောင်းကိုလည်း ကလပ်အသင်းကိုပြောပြီးမှ ပြန်လာတာဖြစ်လို့ စည်းမျဥ်းချိုးဖောက်တယ်ဆိုတာ မှားယွင်း ပြောဆိုချက်သာ ဖြစ်ကြောင်း ရော်နယ်ဒိုဖက်ကလည်း ဖြေရှင်းထားပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ရော်နယ်ဒိုအနေနဲ့ အီတလီရဲ့ ကိုဗစ် သတ်မှတ်စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့ တယ်ဆိုတာ သက်သေပြနိုင်ဖို့ ဖက်ဒရယ် အစိုးရ ရှေ့နေရုံးမှ စုံစမ်း စစ်ဆေးမှု တစ်ရပ် ပြုလုပ်နေတယ်လို့ အီတ လီ အားကစားဝန်ကြီးက ထပ်မံ ဖွင့်ဟပြောဆိုလာတယ်လို့ Goal.com ကဖော်ပြလာပါတယ်။

"ခရစ္စတီယာနိုအနေနဲ့ လိုက်နာရမယ့် သတ်မှတ်စည်းမျဥ်းတွေကို မလိုက်နာခဲ့ပါဘူး၊ဒါကို သက်သေပြနိုင်ဖို့အ တွက် ဖက်ဒရယ် အစိုးရ ရှေ့နေရုံးကနေ စုံစမ်းစစ်ဆေးမှုအချို့ လုပ်ဆောင်နေတာ ရှိပါတယ်။”လို့ ဝန်ကြီးက ဆို လာပါတယ်။

အသက် ၃၅နှစ်အရွယ် ရော်နယ်ဒိုကတော့ နိုင်ငံ အသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းနေစဥ် ကိုဗစ် ကူးစက် ခံရလို့ အောက်တိုဘာ ၁၄မှာကစားခဲ့တဲ့ ဆွီဒင်နဲ့ပွဲကို လွဲချော်ခဲ့ပြီး သီးသန့် နေထိုင်ခဲ့ရပါတယ်။

ဒါ့အပြင် ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ ဒိုင်နမိုကိဗ်နဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲကိုလည်း လွဲချော်ခဲ့ရပြီး မနေ့က ကစားခဲ့တဲ့ ဗီရိုနာနဲ့ စီးရီးအေပွဲလည်း မပါဝင်နိုင်သေးပါဘူး။

လက်ရှိမှာာတော့ အီတလီကို သီးသန့် လူနာတင် လေယာဥ်နဲ့ ပြန်လာတာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ် တစ်စုံတစ် ရာ ကျခံရဖွယ်ရှိနေပြီး အီတလီ အားကစားဝန်ကြီးကတော့ သက်သေပြနိုင်ဖို့ စုံစမ်းနေတယ်လို့ ထုတ်ဖော်ပြောလာ ခဲ့ပါပြီ။

ဒါကြောင့် ရော်နယ်ဒို အမှန်တကယ်ပဲ စည်းမျဥ်းအားလုံး လိုက်နာပြီး အီတလီကို ပြန်ခဲ့လား အီတလီ ဝန်ကြီးချုပ် ကပဲ စည်းကမ်းမလိုက်နာခဲ့တာကိုသက်သေပြနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပြီး သေချာတာ ကတော့ အီတလီ အားကစားဝန်ကြီးအနေနဲ့ ရော်နယ်ဒိုနှင့် ဂျူဗင်တပ် ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်းကိုတော့ ခံရဖွယ်ရှိနေပါပြီ။


Author


က္က