၃ ပွဲသာကစားထားရပေမယ့် ခြောက်ဂိုးအထိ ရရှိထားပါတယ်။
Pyae Phyo Thein

ဘိုလော့ဂ်နာ၊ အင်တာမီလန်၊ ရိုးမားတို့ကို သွင်းယူခဲ့တာဖြစ်ပြီး အသက် ၃၈ နှစ်အရွယ်တိုက်စစ်မှူးက ကစားရတဲ့ ပွဲအရေအတွက်ရဲ့ ၂ဆရှိတဲ့ သွင်းဂိုးအရေအတွက်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ 


အေစီမီလန်တိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ရိုးမားနဲ့ပွဲမှာလည်း အသင်းအတွက် ၂ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အင်တာမီလန်ကို အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ နှစ်ဂိုးသွင်းယူခဲ့တဲ့ သူ့အတွက်တော့ နောက်ထပ်အသင်းကြီးတစ်သင်းကို ၂ဂိုးထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 



ဒီရာသီမှာ ဇလာတန်က စီးရီးအေပွဲ ၃ပွဲသာ အေစီမီလန်အတွက် ကစားပေးထားရသေးပြီး အဆိုပါသုံးပွဲစလုံးမှာ တစ်ပွဲကို နှစ်ဂိုးစီရရှိထားခဲ့ပါတယ်။ ဘိုလော့ဂ်နာ၊ အင်တာမီလန်၊ ရိုးမားတို့ကို သွင်းယူခဲ့တာဖြစ်ပြီး အသက် ၃၈ နှစ်အရွယ်တိုက်စစ်မှူးက ကစားရတဲ့ ပွဲအရေအတွက်ရဲ့ ၂ဆရှိတဲ့ သွင်းဂိုးအရေအတွက်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

အဆိုပါသွင်းဂိုးခြောက်ဂိုးမှာ ပယ်နယ်တီဂိုး ၃ ဂိုးပါဝင်ခဲ့ပေမယ့်လည်း သူ့ကြောင့်ရရှိခဲ့တဲ့ ပယ်နယ်တီဂိုးတွေလည်း ပါဝင်နေခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူ့ခြေစွမ်းအပေါ် အမြဲတမ်းအမွှမ်းတင်ပြောဆိုလေ့ရှိတဲ့ ဇလာတန်က အပြောနဲ့အလုပ်ညီအောင် စွမ်းဆောင်ပြနေတယ်လို့ ဆိုရမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်မှာ အရင်ကထက်တောင် ပိုမိုကောင်းမွန်လာခဲ့တယ်လို့ မြင်တွေ့နေရပါတယ်။ 

အသက်အရွယ်အရ ကစားသမားတစ်ဦးရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ဇလာတန်ကတော့ သွင်းဂိုးတွေနဲ့ တောက်ပနေဆဲဖြစ်ပါတယ်။ အေစီမီလန်ကလည်း ၀ါရင့်တိုက်စစ်မှူးကြီးရဲ့ ကူညီပေးမှုတွေနဲ့အတူ စီးရီးအေမှာ ၅ ပွဲကစားအပြီး ရှုံးပွဲမရှိစံချိန်နဲ့ ရမှတ် ၁၃ မှတ် ရရှိကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပြီးခဲ့တဲ့နှစ်တွေကနဲ့ ကွဲပြားခြားနားတဲ့အသင်းတစ်သင်းအဖြစ် ရှိလာခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က